သတင်းများ

မိတ္ထီလာ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
May 09,2023
မိတ္ထီလာမြို့၌  သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေလ ၉ ရက်နေ့ နံနက် ၁ဝ နာရီ ၃ဝ မိနစ်အချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ကြောင်းသိရသည်။
မုန်တိုင်းဘေးအန္တရာယ်ကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို အလျင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်ရေး စုဖွဲ့လေ့ကျင့်
May 09,2023
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်တွင် မုန်တိုင်းဘေးအန္တရာယ် ကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို အလျင်အမြန် တုံ့ပြန် ဆောင်ရွက်နိုင်ရေးအတွက် စုဖွဲ့လေ့ကျင့်ခြင်းကို ယနေ့နံနက် ၉ နာရီက တိုက်ကြီးမြို့နယ် မီးသတ်ဉီးစီးမှူးရုံးတွင် ကျင်းပကြောင်း သိရသည်။
မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ  စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးကျင်းပ
May 09,2023
မန္တလေးတိုင်းဒေသကြီး၊  မိတ္ထီလာခရိုင်၊  ဝမ်းတွင်းမြို့နယ်တွင်၊  မြို့နယ်အဆင့်   အမျိုးသားသဘာဝအန္တရာယ်ဆိုင်ရာ  စီမံခန့်ခွဲမှုကော်မတီ   အစည်းအဝေးကို ယနေ့   နံနက် ၁၀ နာရီက      မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဇေယျာသီရိမြို့နယ်၌ အိမ်တွင်းအကြမ်းဖက်မှုများ မဖြစ်ပေါ်စေရေးအတွက် အသိပညာပေး Talk Show ရိုက်ကူးထုတ်လွှင့်
May 09,2023
ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်အတွင်း၌ အိမ်တွင်းအကြမ်းဖက်မှုများ မဖြစ်ပေါ်စေရေးအတွက် အိမ်တွင်းအကြမ်းဖက်မှု တားဆီးကာကွယ်ရေး အသိပညာပေး Talk Show ကို ယနေ့မွန်းလွဲပိုင်းက ရိုက်ကူးထုတ်လွှင့်ခဲ့သည်။
ပန်းတနော်မြို့နယ်တွင် သဘာဝဘေးအန္တရာယ်နှင့် ကြုံတွေ့လာပါက ကြိုတင်ကာကွယ်ပြင်ဆင်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
May 09,2023
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်သည် ယမန်နေ့ နံနက်ပိုင်းက ပန်းတနော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် လေဘေးအန္တရာယ်လျော့ပေါ့ရေး ကြိုတင်ကာကွယ်တားဆီးခြင်း၊ ကယ်ဆယ်ရေး၊ ပြန်လည်နေရာချထားရေး၊ ပြန်လည်ထူထောင်ရေးဆိုင်ရာလုပ်ငန်းများ အချိန်နှင့်တပြေးညီ ချိတ်ဆက်ဆောင်ရွက်နိုင်ခြင်းနှင့် ကြီးကြပ်ကွပ်ကဲနိုင်ရေးအတွက် မြို့နယ်သဘာဝဘေး စီမံခန့်ခွဲရေးအဖွဲ့နှင့်တွေ့ဆုံသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲသို့ တက်ရောက်ဆွေနွေးပြောကြားခဲ့သည်။
သာကေတမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကြိုတင် ဇာတ်တိုက်လေ့ကျင့်
May 09,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်သူ စီမံကြီးကြပ်မှုဖြင့် ယမန်နေ့ညနေ ၄:၃၀ နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနရုံးတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့နှင့် မြို့နယ်လူမှုကူညီရေးအသင်းများမှ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးကူညီကယ်ဆယ်ရေးလုပ်ငန်းများအား ကြိုတင်ဇာတ်တိုက်လေ့ကျင့်ခဲ့ကြသည်။
သဲကုန်းမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေး တောင်သူအသိပညာပေး ကွင်းဆင်းဆောင်ရွက်
May 09,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်းများ တိုးတက်ရေးဆိုင်ရာ အသိပညာပေးခြင်းနှင့် ပဏာမကျန်းမာရေးစောင့်ရှောက်ပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဉ်ထွေး ဦးစီး၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများက ကျေးရွာများအရောက်
နောင်ချိုမြို့နယ်တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ဆောင်ရွက်
May 09,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် မြို့နယ်သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးကော်မတီမှ သဘာဝဘေးအန္တရာယ် များကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှု သက်သာစေရန်ရည်ရွယ်၍ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။