သတင်းများ

မိုင်းရှူးမြို့တွင် မုန်တိုင်းအန္တရာယ်ဆိုင်ရာအသိပညာပေး(Talk Show)ဆောင်ရွက်
May 10,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအ‌ခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့မွန်းလွှဲ(၂)နာရီက မုန်တိုင်းအန္တရာယ်ဆိုင်ရာအသိပညာပေး(Talk Show) ဆောင်ရွက်ခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော် အခြေခံစက်ချုပ်သင်တန်း အမှတ်စဉ် ၁၁/၂၀၂၃ သင်တန်းဆင်းပွဲ အခမ်းအနား တက်ရောက်
May 10,2023
ကလေးအလုပ်သမားများအား အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေမှုများလျော့နည်း ပပျောက်စေရေး၊ သင့်လျော်ကောင်းမွန်သည့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်နှင့် မိသားစုဝင်ငွေ တိုးတက်ရရှိကာ အမျိုးသမီးငယ်များ သက်မွေးပညာသင် တန်းများတက်ရောက်နိုင်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများဖန်တီးပေးရေးလုပ်ငန်း ကော်မတီ၏ အခြေခံစက်ချုပ်သင်တန်း အမှတ်စဉ် ၁၁/၂၀၂၃ သင် တန်းဆင်းပွဲအခမ်းအနားကို မေလ ၉ ရက်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ အားကစားနှင့် ကာယပညာသိပ္ပံ(မုံရွာ) သင်တန်းခန်းမတွင် ကျင်းပရာ ဆင်းပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဘူးသီးတောင်မြို့နယ်တွင် မုန်တိုင်းဘေးအန္တရာယ်သတိပြုရှောင်ရှားနိုင်ရန် အသိပညာပေး ဟောပြောခြင်းနှင့်လက်ကမ်းစာစောင်များဖြန့်ဝေ
May 10,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်ဝင်း၏ လမ်းညွှန်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဘေးန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာန၊မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ရပ်ကွက်/ကျေးရွာအုပ်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းပြီး မုန်တိုင်းဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များ (အခမဲ့) ဖြန့်ဝေခြင်းကို ယနေ့နံနက်(၈)နာရီအချိန်က ဘူးသီးတောင်မြို့ အနောက်ကွင်းစျေးနှင့် လူစည်ကားရာ လမ်းဆုံများ၊ ဘူးသီးတောင်မြို့နယ် ကကျက်ဘက်(ကံပြင်) ကျေးရွာ အုပ်စုစျေး၊ လူစည်ကားရာနေရာများတွင် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် သဘာဝဘေးအန္တရာယ်အကြောင်း သိကောင်းစရာအသိပညာပေးဟောပြောခဲ့ကြသည်။
သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ထိခိုက်ဆုံးရှုံးမှုမရှိစေရေးအတွက် သစ်ပင်၊ သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်း
May 10,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး ခုတင်(၁၀၀၀)၌ သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ထိခိုက်ဆုံးရှုံးမှုမရှိစေရေးအတွက် သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောက်ဖြူမြို့၌ မုန်တိုင်းဦးတည်ရာအလိုက် အရောင်သတ်မှတ်ချက်များ ဆိုင်းဘုတ်စိုက်ထူ
May 10,2023
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ မုန်တိုင်းဘေးအန္တရာယ် ကျရောက်လာပါက ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နိုင်ရန်အတွက် မုန်တိုင်းဦးတည်ရာအလိုက် အရောင်သတ်မှတ်ချက်များ  မြေစိုက်ပိုစတာဆိုင်းဘိုးကို ယမန်နေ့ မွန်းလွဲပိုင်းက ကျောက်ဖြူပွိုင့်ကမ်းခြေနေရာ၊ ငလပွေ့ဆိပ်ကမ်းနေရာနှင့် နာရီစင်အနီး လမ်းဆုံနေရာတို့တွင် စိုက်ထူခဲ့သည်။
သပိတ်ကျင်းမြို့၌ ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် မုန်ုတိုင်းအန္တရာယ်နှင့် ပတ်သက်၍ အသိပညာပေးနှိုးဆော်
May 10,2023
ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းဘေးအန္တရာယ်နှင့်ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ညနေက မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်ပြန်/ဆက်ဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက်များတွင် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
လယ်ဝေးမြို့နယ် အောင်မြင်ကုန်းကျေးရွာနှင့် တံတားဦးကျေးရွာတို့တွင် အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်
May 10,2023
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်အတွင်းရှိ လေဘေးသင့်ကျေးရွာများဖြစ်သည့် အောင်မြင်ကုန်းရွာနှင့် တံတားဦးကျေးရွာတို့တွင် ယမန်နေ့နံနက် ၇ နာရီက အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခဲ့ကြောင်း သိရသည်။
ကလိန်အောင်မြို့၌ မီးသတ်ဦးစီးဌာနမှ သဘာဝဘေးအန္တရာယ် တစ်စုံတစ်ခု ကျရောက်ပါက ကူညီကယ်ဆယ်နိုင်ရေးအတွက် ကယ်ဆယ်ရေး ပစ္စည်းများ ထားရှိ
May 10,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် သဘာဝဘေးတစ်စုံတစ်ခု ကျရောက်ပါက ကူညီကယ်ဆယ်နိုင်ရေးအတွက် ကယ်ဆယ်ရေး ပစ္စည်းများ အဆင်သင့်ကြိုတင် ထားရှိခြင်းကို ယနေ့နံနက်(၈)နာရီအချိန်က ကလိန်အောင်နယ်မြေ မီးသတ်ဦးစီးဌာနရုံးတွင် ပြင်ဆင်‌ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း သိရသည်။