သတင်းများ

ကြံခင်းမြို့တွင် မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ
May 09,2023
ဧရာဝတီတိုင်းဒေသကြီး၊  မြန်အောင်ခရိုင်၊  ကြံခင်းမြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ လမ်းညွှန်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊  မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊  မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  မြို့နယ် မီးသတ်တပ်ဖွဲ့နှင့် မြို့နယ်ရဲတပ်ဖွဲ့တို့ပူးပေါင်းပြီး  မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ (အခမဲ့)ဖြန့်ဝေခြင်းကို ယနေ့နံနက် (၈)နာရီအချိန်က ကြံခင်းမြို့နယ် ဗိုလ်ချုပ်လမ်းတစ်လျောက်နှင့် မြို့မဈေးအရှေ့ လူစည်ကားရာနေရာများတွင် ဆောင်ရွက်ခဲ့ကြသည်။
တောင်တွင်းကြီးမြို့နယ်၌ “ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့” မြေစိုက်ပိုစတာ ဆိုင်းဘုတ်စိုက်ထူ
May 09,2023
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းတက်ပညာသင်ကြားနိုင်စေရန် ရည်ရွယ်၍ “ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့” ဟူသောမြေစိုက်ပိုစတာဆိုင်းဘုတ်အား မြို့နယ်ပညာရေးမှူးရုံး ရှေ့တွင် ယနေ့နံနက်(၉)နာရီက စိုက်ထူခဲ့ကြောင်း သိရသည်။
“ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေးမဝေးဖို့  ကျောင်းအမြန်အပ်နှံစို့ ” ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာ မြိတ်မြို့တွင် စိုက်ထူ
May 09,2023
၂၀၂၃-၂၀၂၄ပညာသင်နှစ်တွင် ကျောင်း‌နေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံရန်နှင့် အခြေခံပညာသင်ယူခွင့်ရရှိစေရန်အတွက် ကျောင်းအပ်နှံရေးသီတင်းပတ်ကို မိဘပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ယနေ့နံနက်ပိုင်းက မြိတ်မြို့ရှိ ကျောင်းများတွင် “ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်း အမြန်အပ်နှံစို့”  ကျောင်းအပ်နှံရေး သီတင်းပတ် မြေစိုက်ပိုစတာကို စိုက်ထူခဲ့ကြသည်။
စီမံကိန်းလုပ်ငန်းများ သုံးသပ်ဆွေးနွေးပွဲ၊ ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲနှင့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းစံပြဆု ချီးမြှင့်ခြင်းအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်ချီးမြှင့်
May 09,2023
ပဲခူးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကြီးကြပ်မှုကော်မတီ စီမံကိန်းလုပ်ငန်းများ သုံးသပ်ဆွေးနွေးပွဲ၊ ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲနှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း စံပြဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။
ထားဝယ်မြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တနင်္သာရီတိုင်းဒေသကြီး ကျောင်းအပ်နှံရေးသီတင်းပတ်  မြေစိုက်ပိုစတာ ဆိုင်းဘုတ် စိုက်ထူ
May 09,2023
၂၀၂၃-၂၀၂၄ ပညာသင်နှစ် တနင်္သာရီတိုင်းဒေသကြီး ကျောင်းအပ်နှံရေးသီတင်းပတ်  မြေစိုက်ပိုစတာ ဆိုင်းဘုတ် ကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှေ့တွင် စိုက်ထူသည်။
မြေပုံမြို့၌ မုန်တိုင်းအန္တရာယ်ကျရောက်လာပါက မီးသတ်ဦးစီးဌာနမှ ကူညီကယ်ဆယ်ရေးပစ္စည်းများဖြင့်  ကြိုတင်ပြင်ဆင်ထားရှိမှုများကို ကွင်းဆင်သရုပ်ပြ
May 09,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့၌  မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေး အစီအစဉ်များကို အထူးအလေးထားဆောင်ရွက်ကာ မီးသတ်ဦးစီးဌာနမှ ကူညီကယ်ဆယ်ရေးပစ္စည်းများ ကြိုတင်ပြင်ဆင်ထားရှိမှုအား ပြည်သူများသို့အသိပေးကွင်းဆင်းသရုပ်ပြပွဲကို ယနေ့နံနက်(၈)နာရီ အချိန်က  မြို့နယ်မီးသတ်ဦးစီးဌာနရုံးရှေ့နှင့် အုန်းတောချောင်းတို့၌ ပြုလုပ်သည်။
ပေါင်မြို့နယ်တွင် ကျောင်းနေအရွယ်ကလေးအားလုံးပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့ ဆိုင်းဘုတ်စိုက်ထူ
May 09,2023
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ကျောင်းနေအရွယ်ကလေးအားလုံးပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့ ဆိုင်းဘုတ်စိုက်ထူရေးကိုယနေ့နံနက် (၉) နာရီက (အ.ထ.က)ပေါင် ကျောင်းရှေ့၌ စိုက်ထူခဲ့ကြောင်း သိရသည်။
ကျောက်ဖြူမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာများနှင့် ကြုံတွေ့လာပါက အရေးပေါ်တုန့်ပြန်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ
May 09,2023
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာများနှင့် ရင်ဆိုင်ကြုံတွေ့လာပါက အရေးပေါ်ကူညီမှုများ တုန့်ပြန်ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီဝင်များနှင့် ရပ်ကွက်/ကျေးရွာစာရေးများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၏ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းတည့်(၁၂)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။