ဇေယျာသီရိမြို့နယ်၌ အိမ်တွင်းအကြမ်းဖက်မှုများ မဖြစ်ပေါ်စေရေးအတွက် အသိပညာပေး Talk Show ရိုက်ကူးထုတ်လွှင့်

ဇေယျာသီရိ မေ ၉

ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်အတွင်း၌ အိမ်တွင်းအကြမ်းဖက်မှုများ မဖြစ်ပေါ်စေရေးအတွက် အိမ်တွင်းအကြမ်းဖက်မှု တားဆီးကာကွယ်ရေး အသိပညာပေး Talk Show ကို ယနေ့မွန်းလွဲပိုင်းက ရိုက်ကူးထုတ်လွှင့်ခဲ့သည်။

ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် အိမ်တွင်းအကြမ်းဖက်မှု တားဆီးကာကွယ်ရေး အသိပညာပေး Talk Show ကို ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နွယ်နွယ်အောင်နှင့် စာရေးဆရာမ ဒေါ်သက်သက်နွယ်တို့က အိမ်တွင်းအကြမ်းဖက်မှု အကြောင်းအရာများ၊ ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုအကြောင်းနှင့် စိတ်ပိုင်းဆိုင်ရာအိမ်တွင်း အကြမ်းဖက်မှုများအကြောင်း၊ အိမ်တွင်း အကြမ်းမှုကြောင့် ထိခိုက်နှစ်နာသည့် အကြောင်းအရာများ၊ အိမ်တွင်းအကြမ်းဖက်မှု အများဆုံးခံရနိုင်သည့် သူများအကြောင်း၊ အိမ်တွင်းအကြမ်းဖက်မှုများ မဖြစ်ပေါ်စေရေးအတွက် ကာကွယ်နိုင်သည့် နည်းလမ်းများအကြောင်းကို ဆွေးနွေးခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဇေယျာသီရိမြို့နယ်ရုံးမှ ရိုက်ကူးထုတ်လွှင့်သည့် အဆိုပါ Talk Show အပြည့်အစုံကို ဇေယျာသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook page တွင် ထုတ်လွှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)