တိုက်ကြီး မေ ၉
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်တွင် မုန်တိုင်းဘေးအန္တရာယ် ကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို အလျင်အမြန် တုံ့ပြန် ဆောင်ရွက်နိုင်ရေးအတွက် စုဖွဲ့လေ့ကျင့်ခြင်းကို ယနေ့နံနက် ၉ နာရီက တိုက်ကြီးမြို့နယ် မီးသတ်ဉီးစီးမှူးရုံးတွင် ကျင်းပကြောင်း သိရသည်။
အဆိုပါ မုန်တိုင်းဘေးအန္တရာယ်ကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို အလျင်အမြန်တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် လေ့ကျင့်ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဉီးစီးမှူး ဉီးစီးအရာရှိ ဉီးဇော်ချစ်ထက် ဉီးဆောင်သော ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင် (၃၅) ဉီး၊ ပရဟိတအသင်းအဖွဲ့များမှ အဖွဲ့ဝင် (၃၆) ဉီးနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင် (၅)ဉီး စုစုပေါင်းအင်အား (၇၆)ဉီးတို့ဖြင့် သဘာဝဘေးအန္တရာယ်ဖြစ်ပွားလာပါက သစ်ပင်များ ခုတ်ထွင်ရှင်းလင်းရာတွင် အသုံးပြုသည့် chain saw များဖြင့် ဖြတ်တောက်သရုပ်ပြခြင်း၊ အောက်ဆီဂျင်ပြတ်တောက်သည့်နေရာများ၊ မီးခိုးများသည့်နေရာများတွင် အသုံးပြုသည့် အသက်ရှုကိရိယာများဖြင့် သရုပ်ပြ ဝတ်ဆင်ခြင်း၊ ဘေးလွတ်ရာနယ်မြေတွင် အသုံးပြုမည့် ရွက်ဖျင်တဲများအား သရုပ်ပြခြင်းနှင့် မတော်တဆဖြစ်ပွားသော အခြေအနေများတွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုသည့် ပစ္စည်းကိရိယာများဖြင့် ဇာတ်တိုက်လေ့ကျင့် သရုပ်ပြသခြင်းများ ဆောင်ရွက်သည်။
ထိုသို့ မုန်တိုင်းဘေးအန္တရာယ်ကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို အလျင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် စုဖွဲ့လေ့ကျင့်နေမှုအခြေအနေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဉီးအောင်ကျော်စိုးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် လူမှုရေးအသင်းအဖွဲ့များက ကြည့်ရှုအားပေးကြကြောင်း သိရသည်။
စန်းကလျာခိုင် (ပြန် / ဆက်)