သတင်းများ

ပြည်ခရိုင် ဘေးအန္တရာယ်စီမံခန်ခွဲမှုဦးစီးဌာနမှ အသိပညာလက်ကမ်းစာစောင်များဖြန့်ဝေ
May 09,2023
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့၌ ယနေ့နံနက် ၈နာရီအချိန်၌ ပြည်ခရိုင်ဘေးအန္တရာယ်စီမံန်ခွဲ့မှု့ဦးစီးဌာနမှ ဝန်ထမ်းများနှင့် ပြည်ခရိုင် ပြန်/ ဆက်ဦးစီးဌာနဝန်ထမ်းများ၊ ပြည်မြို့လူစည်ကားနေရာဖြစ်သော မြို့မဈေးကြီးရှေ့၌ ဈေးသည်များ ဈေးဝယ်လာသူများနှင့် ခရီးသွားပြည်သူများအား မုန်တိုင်းအန္တရာယ်အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အမာမြို့၌ မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး လိုက်လံအသိပညာပေးနှိုးဆော်
May 09,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့တွင် ပြည်သူများအနေဖြင့် မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်စေရန်အတွက် အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ည (၇)နာရီအချိန်က မြို့ပေါ်ရပ်ကွက်များတွင် လိုက်လံအသိပေးဆောင်ရွက်ခဲ့သည်။
သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထည့်သွင်းစိုက်ပျိုးခြင်းဖြင့် လယ်ယာမြေအတွက် အကျိုးကျေးဇူးများစွာ ရရှိနိုင်
May 09,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၏ အဓိကစီးပွားရေးလုပ်ငန်းများတွင် စိုက်ပျိုးရေးကဏ္ဍသည် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်သည်ဖြစ်ရာ လယ်ယာမြေများ အထွက်တိုးစေရေးနှင့် မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒေသတွင်းရှိ တောင်သူများ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထည့်သွင်းစိုက်ပျိုးနိုင်ရန်အတွက် ပိုက်ဆံလျှော်မျိုးစေ့များ ထောက်ပံ့ပေးအပ်လျက်ရှိသည်။
မုံရွာမြို့၌ ၂၀၁၂ ခုနှစ် လူမှုဖူလုံရေး ဥပဒေနှင့်အညီ လုပ်ငန်းခွင်ပြင်ပ ထိခိုက်သေဆုံးမှု ကျန်ရစ်သူ မိသားစု အကျိုးခံစားခွင့်များ ဆက်လက်ထုတ်ပေး
May 09,2023
 အလုပ်သမားဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး လူမှုဖူလုံရေးအဖွဲ့က ၂၀၁၂ ခုနှစ် လူမှုဖူလုံရေး ဥပဒေနှင့်အညီ လုပ်ငန်းခွင်ပြင်ပ ထိခိုက်သေဆုံးမှုအတွက် ကျန်ရစ်သူမိသားစု အကျိုး ခံစားခွင့်များ ထုတ်ပေးခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီ အချိန်က စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာမြို့ လူမှုဖူလုံရေးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
အုတ်တွင်းမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်
May 09,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်သဘာဝဘေးအန္တရာယ်တားဆီးကာကွယ်ရေးစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီဥက္ကဋ္ဌကြီးကြပ်မှုဖြင့် ယနေ့နံနက်ပိုင်းက နွေစပါးသီးနှံများရိတ်သိမ်းခြင်းနှင့် အန္တရာယ်ရှိ သစ်ပင်သစ်ကိုင်းများ ခုတ်လှဲခြင်းတို့ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ညောင်တုန်းမြို့၌ ကျောင်းအပ်နှံရေး သီတင်းပတ် ဆိုင်းဘုတ်စိုက်ထူခြင်းနှင့် အသိပညာပေး လုပ်ငန်းများဆောင်ရွက်
May 09,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေး သီတင်းပတ် ဆိုင်းဘုတ်စိုက်ထူခြင်းနှင့် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈ နာရီအချိန်ခန့်က အမှတ်(၂) အခြေခံပညာအထက်တန်း ကျောင်းရှေ့၌ ဆောင်ရွက်ခဲ့သည်။
စမ်းချောင်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ကူညီကယ်ဆယ်ရေးပစ္စည်းများ စုဆောင်းထားရှိမှုကြည့်ရှုစစ်ဆေး
May 09,2023
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးစီစဉ်ဆောင်ရွက်ထားရှိမှုနှင့် ကူညီကယ်ဆယ်ရေးပစ္စည်းများစုဆောင်းထားရှိမှုများအား ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီကျော်သန်းဝင်းက ယနေ့နံနက်(၈)နာရီအချိန်တွင် စမ်းချောင်းမြို့နယ်မီးသတ်တပ်ဖွဲ့ရုံးနှင့် လူမှုကူညီရေးပရဟိတအသင်းများသို့ လိုက်လံကြည့်ရှုစစ်ဆေးသည်။
ပန်းတနော်မြို့တွင် အန္တရာယ်ကင်း ပရိတ်တရားတော်များ လှည့်လည် ရွတ်ဖတ်ပူဇော်
May 09,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့၌ သဘာဝဘေးအန္တရာယ်အမျိုးမျိုးတို့မှ ကင်းဝေးစေရေး ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်သံဃာနာယကအဖွဲ့ ဆရာတော်၊ သံဃာတော်များမှ မြို့ပေါ်ရပ်ကွက် လမ်းမများတွင် အန္တရာယ်ကင်း ပရိတ်၊ ပဋ္ဌာန်း တရားတော်များ လှည့်လည်ရွတ်ဖတ်ပူဇော်ခဲ့ကြောင်း သိရသည်။