ညောင်တုန်းမြို့၌ ကျောင်းအပ်နှံရေး သီတင်းပတ် ဆိုင်းဘုတ်စိုက်ထူခြင်းနှင့် အသိပညာပေး လုပ်ငန်းများဆောင်ရွက်

ညောင်တုန်း မေ ၉

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေး သီတင်းပတ် ဆိုင်းဘုတ်စိုက်ထူခြင်းနှင့် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈ နာရီအချိန်ခန့်က အမှတ်(၂) အခြေခံပညာအထက်တန်း ကျောင်းရှေ့၌ ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌ကျော်စိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်ပညာရေးမှူးနှင့် ပညာရေးဝန်ထမ်းများ၊ မြို့မစခန်းမှူး၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများက "၂၀၂၃-၂၀၂၄ပညာသင်နှစ် ကျောင်းနေအရွယ် ကလေးအားလုံး ပညာမ‌ဝေးစေဖို့ ကျောင်းအပ်နှံကြပါစို့" ဆောင်ပုဒ်ပါ ကျောင်းအပ်နှံရေး သီတင်းပတ်ဆိုင်းဘုတ်ကို အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး စိုက်ထူ ဆောင်ရွက်ခဲ့‌သည်။

ထို့နောက် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်‌ရေး အသိပညာပေးခြင်း၊ နှာခေါင်းစည်း (Mask) များကို အခမဲ့ဖြန့်ဝေခြင်းနှင့် မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထက်ဝေဖြိုး(ပြန်ဆက်)