အုတ်တွင်း မေ ၉
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်သဘာဝဘေးအန္တရာယ်တားဆီးကာကွယ်ရေးစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီဥက္ကဋ္ဌကြီးကြပ်မှုဖြင့် ယနေ့နံနက်ပိုင်းက နွေစပါးသီးနှံများရိတ်သိမ်းခြင်းနှင့် အန္တရာယ်ရှိ သစ်ပင်သစ်ကိုင်းများ ခုတ်လှဲခြင်းတို့ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်သဘာဝဘေးအန္တရာယ်တားဆီးကာကွယ်ရေးစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ် လျှပ်စစ်အင်ဂျင်နီယာဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့်ဌာနဆိုင်ရာအဖွဲ့များမှ မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ထိခိုက်ပျက်စီးဆုံးရှုံးမှု လျော့နည်းစေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအဖြစ် နွေစပါးသီးနှံများရိတ်သိမ်းခြင်း၊ ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသောအန္တရာယ်ရှိသစ်ပင်သစ်ကိုင်းများခုတ်လှဲခြင်းတို့ ပူးပေါင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့သော ဌာနဆိုင်ရာအဖွဲ့များနှင့် ဒေသခံပြည်သူများအား မြို့နယ်သဘာဝဘေးအန္တရာယ် တားဆီးကာကွယ်ရေးစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးညီညီက အအေးဘူးများပေးဝေခဲ့ကြောင်း သိရသည်။
အေမင်းရည်စော(ပြန်/ဆက်)