ပန်းတနော် မေ ၉
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့၌ သဘာဝဘေးအန္တရာယ်အမျိုးမျိုးတို့မှ ကင်းဝေးစေရေး ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်သံဃာနာယကအဖွဲ့ ဆရာတော်၊ သံဃာတော်များမှ မြို့ပေါ်ရပ်ကွက် လမ်းမများတွင် အန္တရာယ်ကင်း ပရိတ်၊ ပဋ္ဌာန်း တရားတော်များ လှည့်လည်ရွတ်ဖတ်ပူဇော်ခဲ့ကြောင်း သိရသည်။
ပန်းတနော်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့စီစဥ်မှုဖြင့် သဘာဝဘေးအန္တရာယ် အမျိုးမျိုးတို့မှ ကင်းဝေးစေရေးအတွက် အရှေ့ပိုင်းရပ်ကွက်၊ အလယ်ပိုင်းရပ်ကွက်၊ အနောက်ပိုင်းရပ်ကွက်နှင့် မြို့ကွက်သစ်ရပ်ကွက်ရှိ လမ်းမများတွင် ဆရာတော်၊ သံဃာတော်များက အန္တရာယ်ကင်း ပရိတ် တရားတော်နှင့် ပဋ္ဌာန်းဒေသနာတော်များကို ရွတ်ဖတ်ပူဇော်ခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပြန်/ ဆက်)