စမ်းချောင်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ကူညီကယ်ဆယ်ရေးပစ္စည်းများ စုဆောင်းထားရှိမှုကြည့်ရှုစစ်ဆေး

စမ်းချောင်း မေ ၉

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးစီစဉ်ဆောင်ရွက်ထားရှိမှုနှင့် ကူညီကယ်ဆယ်ရေးပစ္စည်းများစုဆောင်းထားရှိမှုများအား ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီကျော်သန်းဝင်းက ယနေ့နံနက်(၈)နာရီအချိန်တွင် စမ်းချောင်းမြို့နယ်မီးသတ်တပ်ဖွဲ့ရုံးနှင့် လူမှုကူညီရေးပရဟိတအသင်းများသို့ လိုက်လံကြည့်ရှုစစ်ဆေးသည်။

ထိုသို့စစ်ဆေးရာတွင် စမ်းချောင်းမြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦဘဝင်းနှင့်အဖွဲ့ဝင်(၁)ဗိုလ်မှူးမျိုးဝင်းထွန်းတို့က လိုက်လံရှင်းလင်းပြသကြသည်။ စမ်းချောင်မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီ၊ ရွှေစမ်းချောင်းလူငယ်ပရဟိတအသင်း၊ စာနာစိတ်နှင့်တွဲလက်များ ရွှေလရောင်အသင်း၊ ပြည်သူအပေါင်းလူရွှင်တော်ပရဟိတအသင်း၊ မြေနီကုန်းမွတ်ဆလင်လူငယ်များသာရေးနာရေးအသင်း၊ မြေနီကုန်းလူငယ်များပရဟိတအဖွဲ့များက ကူညီကယ်ဆယ်ရေးပစ္စည်းများ၊ ယာဉ်များအားအသင့်ပြင်ထားရှိပြီးဖြစ်ကြောင်းနှင့် စမ်းချောင်းမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းကော်မတီများ၊ ဆပ်ကော်မတီများဖွဲ့စည်းထားရှိ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

အေးလင်း