ဆီဆိုင် ဇူလိုင် ၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးမှူးနှင့်ဝန်ထမ်းများက ဇွန် ၃၀ ရက် နံနက် ၉ နာရီက မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့်မိသားစုများအား ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူခြင်းကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြသည်။
ဇီဝဆိုင်ရာအချက်အလက်များ ကွင်းဆင်းကောက်ယူရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဇင်ဘိုဘိုအောင်နှင့် ဝန်ထမ်းများက မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့်မိသားစုဝင်(၁၀၄)ဦးတို့အား(Biographic Data)နှင့် (Biometric Data) များ ကောက်ယူ၍ Database တွင် သိမ်းဆည်းပြီး ဂဏန်း(၁၀) လုံးပါဝင်သည့် Unique ID နံပါတ် သတ်မှတ်၍ မှတ်ပုံတင်များကို နေ့ချင်းပြီးထုတ်ပေးခဲ့သည်။ အဆိုပါ (Biometric Data) များ ကောက်ယူခြင်းနှင့် (Unique ID)ထုတ်ပေးနေမှုကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးမှူး ဦးနေမျိုးလှိုင်နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး မောင်မောင်ကျော်တို့က ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မျိုးမြတ်(ဆီဆိုင်)