မော်လမြိုင်ကျွန်းမြို့နယ်တွင်စားသုံးသူရေးရာဦးစီးဌာနနှင့် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ပူးပေါင်း၍ ဆီတစ်ပိဿာ (၄၃၀၀)ကျပ်နှုန်းဖြင့်ရောင်းချပေး

မော်လမြိုင်ကျွန်း ဇူလိုင် ၁

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့တွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းတို့ပူးပေါင်း၍ ယမန်နေ့ ညနေပိုင်းကအမှတ်(၂)ရပ်ကွက်နှင့်အမှတ် (၃) ရပ်ကွက်တွင်ဆီတစ်ပိဿာ (၄၃၀၀) ကျပ်ဖြင့် ဒေသခံပြည်သူများကို သက်သာသော စျေးနှုန်းဖြင့်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ထို့သို့ ရောင်းချပေးလျက်ရှိရာ  မော်လမြိုင်ကျွန်းမြို့နယ် ၊ဆီကုန်သည်နှင့်ဆီ လုပ်ငန်းရှင်များအသင်းနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ပြည်သူများအားဆီပိဿာချိန် (၅၅၀) ခန့်အား  ရောင်းချပေးခဲ့ပြီး  ယင်းသို့ရောင်းချပေးနေမှုအား  မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာန ဦးစီးမှူး ဦးမင်းဇော်လတ်တို့က လာရောက်ကြည့်ရှု့အား ပေးကာလိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ရဲကိုမောင် (ပြန်/ဆက်)