သတင်းများ

သဘာဝ​ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ညှိနှိုင်းအစည်းအဝေး ချီ​ဖွေမြို့နယ်၌ ကျင်းပ
May 11,2023
ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ချီဖွေမြို့နယ်၌ ယမန်နေ့ နံနက် (၉)နာရီအချိန်တွင် သဘာဝဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
နမ့်ဆန်မြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်နိုင်ရန်အတွက် စာဖတ်ဝိုင်း ကျင်းပ
May 11,2023
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ရှိန်မြင့်တင်နိုင်ရန်အတွက် မေလ ၉ ရက်နေ့ နံနက်(၁၀)နာရီအချိန်က (Bool Club)အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်း ကျင်းပခဲ့ကြောင်း သိရသည်။
စိုက်ပျိုရေး၊ မွေးမြူရေးနှင့်ဆည်​မြောင်းဝန်ကြီးဌာန ဒုဝန်ကြီးဒေါက်တာတင်ထွဋ် ဇေယျာသီရိမြို့နယ် တောင်သူများနှင့် တွေ့ဆုံပွဲတက်ရောက်
May 11,2023
စိုက်ပျိူးရေး၊ မွေးမြူရေးနှင့်ဆည်​မြောင်းဝန်ကြီးဌာန ဒုဝန်ကြီးဒေါက်တာတင်ထွဋ်သည် ပုဗ္ဗသီရိမြို့နယ်၊ ဘဲကုန်းအုပ်စုပင်လောင်းလမ်းမကြီး တောင်ဘက်ကွင်း အမှတ် (၁၆၂၃ က) အတွင်း၌​ နေကြာမျိုးစေ့ (၇) မျိုးစမ်းသပ်စိုက်ပျိုးထားသည့် နေကြာစိုက် ခင်းဖြစ်ထွန်းမှုတို့အား လေ့လာနိုင်ရေး ဇေယျာသီရိမြို့နယ်မှ တောင်သူများကို ဖိတ်ကြား၍ တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
ဝါးခယ်မမြို့နယ်၌ သဘာဝဘေးရှောင်တိမ်းသည့် ရဟန်းသံဃာတော်များနှင့် ပြည်သူများအား ဆန်ရိက္ခာများ ထောက်ပံ့
May 11,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ယနေ့နံနက် ၉ နာရီအချိန်က ဝါးခယ်မမြို့၊ မင်းပိုင်းရပ်ကွက်၊ ကမ်းနားလမ်းရှိ ကွမ်းခြံကုန်းကျောင်းတိုက်သို့ လပွတ္တာမြို့နယ်မှ (၄၂)ဦး (ရဟန်း(၂)ပါး၊ သာမဏေ(၅)ပါး၊ ကျား(၁၁)ဦး၊ မ(၂၄)ဦး)၊ ကျုံမငေးမြို့၊ ပုလဲအောင်မြေရပ်ကွက်၊ ကမ်းနားလမ်းရှိ အုန်းပင်ပရိယတ္တိစာသင်တိုက်သို့ လပွတ္တာနှင့် မော်လမြိုင်ကျွန်းမြို့နယ်တို့မှ (၂၉၈)ဦး (လပွတ္တာ ကျား(၁၀၄)ဦး၊ မ (၁၈၈)ဦး) (မော်လမြိုင်ကျွန်း ကျား (၂)ဦး၊ မ(၄)ဦး) တို့ရောက်ရှိလာပြီး သဘာဝဘေး ရှောင်တိမ်းလျက်ရှိကြောင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် အဖွဲ့ဝင်များမှ ဆန်ရိက္ခာများ ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
 ကျွန်းလှမြို့နယ်၌ နွေရာသီ တစ်ပိုင်တစ်နိုင်စိုက်ပျိုးသော ထိုင်ဝမ်ပြောင်းချို စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
May 11,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီ၌ တစ်ပိုင်တစ်နိုင် စိုက်ပျိုးသော ထိုင်ဝမ်ပြောင်းချို စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
ဘိုကလေးမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးလုပ်ငန်းနှင့် တရားမဝင်ကုန်စည်များ သယ်ယူပို့ဆောင်ခြင်း မရှိစေရေး စစ်ဆေးဆောင်ရွက်
May 11,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ပုဂ္ဂလိက မော်တော်ယာဉ်များ စနစ်တကျပြေးဆွဲရေး ကော်မတီတို့ ပူးပေါင်းကာ ယနေ့ နံနက်(၁၀)နာရီတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး လုပ်ငန်းနှင့် အတူ တရားမဝင် ကုန်စည်များ သယ်ယူပို့ဆောင်ခြင်း မရှိစေရေး စစ်ဆေးဆောင်ရွက်မှုများ ဆောင်ရွက်ကြသည်။
ရန်ကင်းမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ကျင်းပ
May 11,2023
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ပြည်သူများ မုန်တိုင်း အန္တရာယ်ကျ​​ရောက်ပါက လျင်မြန်စွာတုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက်  မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေးအသိပညာပေး (Talk Show)ကို ယနေ့ နံနက် ၁၀နာရီခွဲက ရန်ကင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centry ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဇေယျာသီရိမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများသို့ သွားရောက်၍ မုန်းတိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်
May 11,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်အတွင်း မုန်းတိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို ဇေယျာသီရိမြို့နယ် အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်း၍ မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများသို့ သွားရောက်၍ ယနေ့နံနက်ပိုင်းက အသိပေးနှိုးဆော်ခဲ့သည်။