ငပုတော ဇူလိုင် ၁
ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊ ငပုတောမြို့ မြောက်ပိုင်းရပ်ကွက်ရှိ နတ်ရှင်နောင်လမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်နေမှုအား ယနေ့နံနက်ပိုင်းက မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးကျော်သူ၊ မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးသန်းဦး ၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးစိုးဝဏ္ဏဝင်းနှင့်တာဝန်ရှိသူများက လာရောက်ကြည့်ရှုစစ်ဆေးသည်။
ထို့သို့ ကြည့်ရှု့စစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆောက်လုပ်ရေးတာဝန်ခံနှင့် တွေ့ဆုံကာ လမ်းအရည်အသွေးနှင့် စံချိန်စံညွှန်း ပြည့်မီစေရေး ၊ သတ်မှတ်ကာလအတွင်း အချိန်မှီ ပြီးစီးအောင်ဆောင်ရွက်ရေး၊ လမ်းပခုံး များကောင်းမွန်စေရေး အထူး အလေးထား ဆောင်ရွက်ရန် မှာကြားခဲ့သည်။
အဆိုပါ ကွန်ကရစ် လမ်းအား ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် GROW SUCCESS ကုမ္ပဏီက တာဝန်ရှိယူဆောက်လုပ်ကာ အလျား ၃၀၀ပေ၊ အနံ ၁၂ ပေ ၊ထု ၆ လက်မ ခန့်ရှိကြောင်း သိရသည်။
အောင်သူ (ပြန်/ဆက်)