မချမ်းဘောမြို့နယ်၌ အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ အထိမ်းအမှတ် နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်ဆောင်ရွက်သော သမဝါယမထွက်ကုန်ပစ္စည်းများရောင်းချ

မချမ်းဘော ဇူလိုင် ၁

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်တွင် ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁ရက် ယနေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နမ်ခမ်ကျေးရွာ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မွေးမြူရေးလုပ်ငန်းဆောင်ရွက်သော သမဝါယမအသင်းလီမိတက် ထွက်ကုန်ပစ္စည်းများ ရောင်းချခြင်းကို ယနေ့နံနက် ၁၀ နာရီက ကျေးရွာခန်းမ၌ ဆောင်ရွက်ခဲ့သည်။

သမဝါယမ ထွက်ကုန်ပစ္စည်းများရောင်းချခြင်းနှင့်ပတ်သက်၍ မြို့နယ်သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်ဂျာရွယ်က" သမဝါယမဦးစီးဌာနအနေဖြင့် ဒေသခံပြည်သူများ၏ လူမှုစီးပွား ဘဝများတိုးတက်ကောင်းမွန်လာရေးအတွက် အများအကျိုးအတွက်တစ်ဦးချင်းစီက တစ်ဦးချင်းအကျိုးစီးပွားအတွက် အများက အပြန်အလှန်အကျိုးပြုရေးကို ဦးတည်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါသမဝါယမ ထွက်ကုန်ပစ္စည်းများရောင်းချရာတွင် ကျေးရွာနိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မွေးမြူရေးလုပ်ငန်းများဆောင်ရွက်သော သမဝါမထွက်ကုန်ပစ္စည်းများဖြစ်သည့် အိမ်မွေး ကြက်များ၊ ကြက်ဥနှင့် ငါးများကို ဒေသခံပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရန် သက်သာသောစျေးနှုန်းများဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ယောရွှေနီ (မချမ်းဘော့)