ဒက္ခိဏခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဇမ္ဗူသီရိမြို့နယ် စာရေးဆရာအသင်း ဖွဲ့စည်းခြင်းအခမ်းအနားကျင်းပ

နေပြည်တော် ဇူလိုင် ၃

ဇမ္ဗူသီရိမြို့နယ် စာရေးဆရာအသင်း ဖွဲ့စည်းခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒက္ခိဏခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က အမှာစကားပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ အတွင်းရေးမှူး၊ မြန်မာနိုင်ငံစာရေးဆရာအသင်းအဖွဲ့ဝင် ဦးအောင်ပြည့်စုံက ဇမ္ဗူသီရိမြို့နယ် စာရေးဆရာအသင်းဖွဲ့စည်းခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားသည်။

ယင်းနောက် ဇမ္ဗူသီရိမြို့နယ် စာရေးဆရာအသင်းဖွဲ့စည်းနိုင်ရေး အဆိုပြုခြင်းနှင့် အဆိုပြုထားသည့် ဇမ္ဗူသီရိမြို့နယ် စာရေးဆရာအသင်းဝင်များ၏ အမည်စာရင်းအား ကြေညာသည်။

ထို့နောက် စာရေးဆရာ ဆာဂျင်အောင်ကျော်က ဒက္ခိဏခရိုင် ပြည်သူ့စာကြည့်တိုက်အတွက် ‘‘ ကျွန်တော်၏ အလွဲများ နှင့် အမှတ်တရများ”စာအုပ်ကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)