သတင်းများ

လယ်ဝေးမြို့နယ်အတွင်း သဘာဝဘေးကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်
May 12,2023
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်တွင် ယမန်နေ့နံနက် ၁၁ နာရီက သဘာဝဘေးကြိုတင်ကာကွယ်ရေး အသိပေးချက်များအား အသံချဲ့စက်ဖြင့် လှည့်လည်အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။
ချောင်းဆုံမြို့နယ်လူထုအခြေပြုဗဟိုဌာန၌ မုန်တိုင်းဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်
May 12,2023
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ (Talk Show)ကို 
မူဆယ်မြို့တွင် ကျောင်းအပ်နှံရေး သီတင်းပတ်မြေစိုက်ပိုစတာဆိုင်းဘုတ်များ စိုက်ထူ
May 12,2023
၂၀၂၃-၂၄ပညာသင်နှစ်၊ ကျောင်းနေအရွယ်ကလေးသူငယ်များနှင့် ကျောင်းသား/သူများ၊ ကျောင်းသား/သူမိဘများ ကျောင်းအပ်နှံရေသီတင်းပတ်ကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်အလို့ငှာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှေ့၌ ကျောင်းအပ်နှံရေး သီတင်းပတ်မြေစိုက်ပိုစတာဆိုင်းဘုတ်များကို မတ်လ ၁၀ ရက်နေ့ နံနက်(၁၀:၀၀)အချိန်က စိုက်ထူဆောင်ရွက်ခဲ့ပါသည်။
လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ မုန်တိုင်းအန္တရာယ် ကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး
May 12,2023
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ မုန်တိုင်းအန္တရာယ် ကျရောက်လာပါက ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားမှု အခြေအနေများအား သွားရောက်စစ်ဆေးခြင်းကို ယမန်နေ့ ညနေ(၃)နာရီအချိန်က လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်၊ ရန်ကုန်-ညောင်တုန်းလမ်း မီးသတ်ဦးစီးဌာန၊ မီးသတ်စခန်းရုံးတွင် ကြည့်ရှုစစ်ဆေးသည်။
လောက်ကိုင်မြို့၌ သဘာဝဘေးအန္တရာယ် အသိပညာပေး မြေစိုက်နံရံကပ်ဘုတ်ပြသ
May 12,2023
ရှမ်ပြည်နယ် ( မြောက်ပိုင်း)  ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ လောက်ကိုင်မြို့တွင် သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ကြိုတင်ကာကွယ်နိုင်ရန်အတွက် ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရုံးရှေ့၌ အသိပညာပေး မြေစိုက်နံရံကပ် ပြဘုတ် ပြသခြင်းကို ယမန်နေ့က ပြသဆောင်ရွက်ခဲ့သည်။
ရေကြည်မြို့နယ် မီးသတ်စခန်းမှ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ရှာဖွေကယ်ဆယ်ရေး ပစ္စည်းများကြိုတင်ပြင်ဆင်
May 12,2023
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်အတွင်း မုန်တိုင်းဘေးနှင့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက ပြည်သူများအား အချိန်နှင့် တစ်ပြေးညီ သွားရောက်ကူညီကယ်ဆယ်နိုင်ရေးအတွက် ရေကြည်မြို့နယ် မီးသတ်စခန်းမှ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ရှာဖွေ ကယ်ဆယ်ရေးပစ္စည်းများ ကြိုတင်ပြင်ခြင်းနှင့် လက်တွေ့သရုပ်ပြခြင်းကို ယမန်နေ့ နံနက် (၉)နာရီအချိန့်က မြို့နယ်မီးသတ်စခန်းရှေ့တွင် ပြုလုပ်ခဲ့ ကြောင်း သိရသည်။
တောင်ဥက္ကလာပမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ပြုလုပ်ဆောင်ရွက်
May 12,2023
ရန်ကုန်တိုင်းဒေသကြီး၊‌ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌  ယမန်နေ့ နံနက်(၁၁) နာရီအချိန်က သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ပြုလုပ်‌ ဆောင်ရွက်ခဲ့ပါသည်။
ချောင်းဆုံမြို့နယ်၌ သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အသင့်စုဖွဲ့ထားရှိ
May 12,2023
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် မီးသတ်ဦးစီးဌာနရုံး၌ သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်လာပါက အလျင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် ရှာဖွေကယ်ဆယ်ရေးအဖွဲ့များနှင့် ကယ်ဆယ်ရေး ပစ္စည်းများ အသင့်စုဖွဲ့ထားရှိလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးဇော်နိုင်ဝင်းနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက လာရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြား ခဲ့သည်။