သတင်းများ

ရွှေပြည်သာမြို့နယ်၌ သဘာဝဘေးအန္တရာယ်အကြောင်း သိကောင်းစရာအသိပညာပေးဟောပြောပွဲကျင်းပ
May 12,2023
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၌ ပြည်သူများအား သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်စေရန်ရည်ရွယ်၍ သဘာဝဘေးအန္တရာယ်အကြောင်း သိကောင်းစရာအသိပေးဟောပြောကို ယနေ့နံနက်(၁၀)နာရီတွင် အမှတ်(၁၁)ရပ်ကွက်ပတ္တမြားဈေးတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ပန်းတနော်မြို့နယ်၌ ပြည်သူများအား မုန်းတိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး လိုက်လံအသိပေးနှိုးဆော်
May 12,2023
ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်တွင် မုန်တိုင်းဘေးအန္တရာယ်နှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး အသိပေးနှိုး ဆော်ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာန သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ယနေ့ နံနက် ၉ နာရီက မြို့ပေါ်ရပ်ကွက်များတွင် လိုက်လံအသိပညာပေး နှိုးဆော်လျက်ရှိကြောင်း သိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌  သဘာဝဘေးအန္တရာယ် ကျရောက်နိုင်သည့် ကျေးရွာများအား ကြိုတင်ရွှေ့ပြောင်းရေးလုပ်ငန်းများ ဆောင်ရွက်
May 12,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့နယ်တွင် သဘာဝဘေးအန္တရာယ်များ ကျရောက်ပါက ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တပြေးညီ စနစ်တကျ စီစဉ်ဆောင်ရွက်နိုင်ရန်အတွက် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ Command post တွင် ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးနေဦး ဦးဆောင်၍ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းဖွဲ့များ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
ဒေးဒရဲမြို့ (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
May 12,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မြို့နယ်အတွင်း စာပေဖတ်ရှုသည့် အလေ့ အကျင့်ကောင်းများ တိုးပွားစေရန်နှင့် စာပေမှရသော အသိအမြင်ဗဟုသုတများကို လူမှုဘဝတွင် ပြန်လည်အသုံးချနိုင်စေရန်ရည်ရွယ်၍ စာအုပ် စာစောင် ချစ်မြတ်နိုးသူများအသင်းနှင့် ပူးပေါင်းပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကို ယနေ့ နံနက်(၁၁)နာရီက ကျင်းပခဲ့သည်။
ဘိုကလေးမြို့နယ် သဘာဝဘေးခိုလှုံရာစခန်း (၆) ခုတွင် သက်ကြီးရွယ်အိုများ၊ ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်များ ခိုလှုံနေ
May 12,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် သဘာဝဘေးအန္တရာယ် ကျရောက်ပါက ခိုလှုံနိုင်ရေးအတွက် အရေးပေါ်စုရပ်အဖြစ် မြို့နယ်တွင်းရှိ ကျေးရွာအုပ်စုများမှ သဘာဝဘေးဒဏ်ခံ အဆောက်အဦး (Shelter) (၂၁) ခုတို့တွင် မြို့နယ်သဘာဝဘေးအန္တရာယ် ကြီးကြပ်ကွပ်ကဲရေးအဖွဲ့၏ စီစဉ်မှု၊ သက်ဆိုင်ရာ ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးအဖွဲ့များ၊ အရန်မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့တို့၏ ပူးပေါင်းကူညီမှုများဖြင့် ဖွင့်လှစ်ဆောင်ရွက်လျက် ရှိရာ ယခုလက်ရှိအချိန်တွင် သဘာဝဘေးခိုလှုံရာစခန်း အရေးပေါ်စုရပ် (၆) ခုတို့တွင် သက်ကြီးရွယ်အိုများ၊ ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များ ပြောင်းရွှေ့ခိုလှုံနေပြီ ဖြစ်သည်။
တွံတေး၌ ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့်မုန်ုတိုင်းအန္တရာယ်နှင့်ပတ်သက်၍ ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး အသိပညာပေးနှိုးဆော်
May 12,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်နေသည့် မုန်တိုင်းဘေးအန္တရာယ်နှင့်ပတ်သက်၍ ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး အသိပေးနှိုးဆော်ခြင်းကို တွံတေးမြို့မီးသတ်ဦးစီးဌာနမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ယမန်နေ့ ည၆နာရီက မြို့နယ်ပေါ်ရပ်ကွက်၊ကျေးရွာများတွင် အသိပညာပေး နှိုးဆော်လျက်ရှိကြောင်း သိရသည်။
ဖျာပုံမြို့၌ အနောက်တောင်တိုင်းစစ်ဌာနချုပ် ဗိုလ်မှူးချုပ် ကျော်စိုးလွင်နှင့် ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့နှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေး
May 12,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ဆုံးရှုံးမှု လျော့နည်းစေရေး လာရောက်ကြီးကြပ်ကွပ်ကဲဆောင်ရွက်နေသော အနောက်တောင် တိုင်းစစ်ဌာနချုပ် ဗိုလ်မှူးချုပ် ကျော်စိုးလွင်နှင့် ဖျာပုံခရိုင် သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့နှင့် တွေ့ဆုံညှိနှိုင်း ဆွေးနွေးခြင်းကို ယနေ့ နံနက် (၉)နာရီခွဲအချိန်တွင် ဖျာပုံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ပြုလုပ်သည်။
သုံးခွမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင် ပြပွဲပြုလုပ်
May 12,2023
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာ ပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ မွန်းလွဲ(၂)နာရီ ခွဲအချိန်က လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ကျင်းပပြုလုပ်ခဲ့ကြသည်။