သတင်းများ

တောင်တွင်းကြီးမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲ၊ နံရံကပ် စာစောင်နှင့် စာအုပ်ပြပွဲကျင်းပ
Jul 05,2023
ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် တောင်တွင်းကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။
ရှမ်းရွာသစ်မြို့တွင် ကျောင်းသား/သူများ ကျောင်းစာအပြင် ပြင်ပအသိပညာဗဟုသုတတိုးပွားစေရေး နယ်လှည့်စာကြည့်တိုက် လုပ်ငန်းဆောင်ရွက်
Jul 05,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား/သူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတ တိုးပွားစေရေးနှင့် ကျောင်းစာအပြင် ပြင်ဗဟုသုတတိုးပွားစေရေးအတွက် စဉ်ဆက်မပြတ် စာအုပ်စာစောင်များကို အခမဲ့ငှားရမ်း ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်(၁၀) နာရီအချိန်တွင် အမှတ်(၂) ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်း၌ နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ပေးပြီး စာအုပ်စာစောင်များကို အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ဇီးကုန်းမြို့နယ်၌ ကျောင်းကျန်းမာရေး အသိပညာပေး ဟောပြော
Jul 05,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ကျောင်းသားကျောင်းသူများအား ကျန်းမာရေးအသိပညာတိုးပွားစေရန် ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောခြင်းကို ယနေ့နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း အ.ထ.က(ဇီးကုန်း)၌ ပြုလုပ်ခဲ့သည်။
ပျော်ဘွယ်မြို့နယ်တွင်ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်မှုရရှိစေရန် အပျော်တမ်းအဆင့် စစ်တုရင်ပြိုင်ပွဲကျင်းပ
Jul 05,2023
ပျော်ဘွယ်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင်၍ မြို့နယ်ရုံးပြည်သူ့စာကြည့်တိုက်သို့ လာရောက်အသုံးပြုနေသည့် ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်မှုရရှိစေရန်ရည်ရွယ်၍ အပျော်တမ်းစစ်တုရင်ပြိုင်ပွဲကျင်းပပေးခြင်းကို ယနေ့နံနက်(၉)နာရီက မြို့နယ်ရုံးတွင် ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
စဉ့်ကူးမြို့၌ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြို စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲများ ကျင်းပ
Jul 05,2023
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့၌ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြို စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲကို စဉ့်ကူးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ပန်းတောင်းမြို့နယ်တွင် အခြေခံပညာကျောင်းများသို့ အားကစားပညာပေးဟောပြော ခြင်းနှင့်သရုပ်ပြခြင်းဆောင်ရွက်
Jul 05,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် အခြေခံပညာကျောင်းများသို့ အားကစားပညာပေးဟောပြောခြင်းနှင့် သရုပ်ပြခြင်းကိုယမန်နေ့ နံနက်ပိုင်းက အ.ထ.က(ပန်းတောင်း)ကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး သံတွဲမြို့နယ်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ
Jul 05,2023
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာအောင်ကြီးသည် ပြည်နယ်စီးပွားရေးရာဝန်ကြီးဦးစံရွှေမောင်နှင့်အတူ ယနေ့မွန်းလွဲ ၂ နာရီက သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre)ဘက်စုံသုံးခန်းမ၌ သံတွဲမြို့နယ်အတွင်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံခဲ့သည်။
မိုင်းခုတ်မြို့၌ အမှတ် (၂ )ရပ်ကွက်တွင်စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ပေး
Jul 05,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာဖတ်ပရိသတ်ထံ လက်ဝယ်အရောက် စာအုပ်၊စာစောင်များ လှည့်လည်ငှားရမ်းပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၂)ရပ်ကွက်အတွင်းကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။