မဘိမ်း ဇူလိုင် ၅
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် ကလေးတိုင်းကျန်းမာပျော်ရွှင်စွာ ကြီးထွားလာစေရန်အတွက် မွေးကင်းစမှအသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က မဘိမ်းမြို့နယ်ခန်းမ၌ ထိုးနှံတိုက်ကျွေးပေးလျက်ရှိကြောင်း သိရှိရသည်။
ထိုသို့ ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံကြမည့် ကလေးငယ်များအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ စာရင်းအချက်အလက်များ ကောက်ယူခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ပေးပြီး မွေးကင်းစမှအသက်(၂)နှစ်အောက် ကလေးငယ်များအား အဆုတ်ရောဂါကာကွယ်ဆေး၊ ငါးမျိုးစပ်ဆေး၊ ဆုံဆို့ကြက်ညှာ၊ အသည်းရောင်အသားဝါ၊ ဦးနှောက်အမြှေးရောင်ရောဂါ၊ နမိုးနီးယားကာကွယ်ဆေး၊ ပိုလီယိုသောက်ဆေးနှင့်ထိုးဆေး၊ ပြင်းထန်ဝမ်းရောဂါ ကာကွယ်ဆေးစသည့် ပုံမှန်ကာကွယ်ဆေးများကို အသက်အပိုင်းအခြားအလိုက် စနစ်တကျ ထိုးနှံတိုက်ကျွေး ပေးခဲ့ကြောင်း သိရသည်။
မျိုးမင်း(မဘိမ်း)