အမရပူရမြို့၌Grade-9 သင်ရိုးသစ်တိုင်းဒေသကြီးအဆင့် ဆင့်ပွားသင်တန်းဖွင့်လှစ်

အမရပူရ မေ ၁၇

 မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့၊ လေးစုရပ်ကွက်ရှိ အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်း၊ အမရအောင်မြေခန်းမတွင်ယနေ့နံနက် ၈ နာရီခွဲအချိန်က Grade-9 အလယ်တန်း သင်ရိုးသစ်တိုင်းဒေသကြီး အဆင့် ဆင့်ပွားသင်တန်းဖွင့်ပွဲကိုကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အမရပူရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် သင်တန်းသား၊ သင်တန်းသူဆရာ၊ ဆရာမများလိုက်နာရန် စည်းကမ်း ချက်များကို ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းစိုးမြင့်ကရှင်းလင်း ပြောကြားခဲ့သည်။ ယခုဆင့်ပွားသင်တန်းတွင် အမရပူရမြို့နယ်၊ ငါန်းဇွန်မြို့နယ်နှင့် တံတားဦးမြို့နယ်တို့မှ ဆရာ ၉၉ ဦး၊ ဆရာမ ၅၃၃ ဦး၊ စုစုပေါင်း ၆၃၂ ဦးရှိကြောင်း သိရသည်။

 အဆိုပါဆရာ၊ဆရာမများကို သင်တန်းနေရာ နှစ်နေရာခွဲ၍သင်တန်းပို့ချမည်ဖြစ်ရာ အမှတ် ၁ အခြေခံပညာ အထက်တန်းကျောင်းတွင် မြန်မာ၊အင်္ဂလိပ်၊သင်္ချာဘာသာရပ်များ သင်ကြားပို့ချမည်ဖြစ်ပြီး အမှတ်၂အခြေခံပညာအထက်တန်းကျောင်းတွင် ပထဝီ၊သမိုင်း၊သိပ္ပံ၊စာရိတ္တ ပြည်သူနီတိ ကာယ ဘာသာရပ်များကို သင်ကြားပို့ချသွား မည်ဖြစ်ကြောင်းသိရသည်။ ဆင့်ပွားသင်တန်းကို မေလ၁၇ရက်နေ့မှ၂၅ရက်နေ့ထိ ၈ ရက်ကြာသင်ကြားပို့ချသွား မည်ဖြစ်ကြောင်း သိရသည်။

စိုးသီဟ(အမရ)