သတင်းများ

ညောင်တုန်းမြို့နယ်တွင် ပလတ်စတစ်အိတ်အသုံးပြုမှု လျှော့ချရေး အသိပညာပေး ဆောင်ရွက်
May 18,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ပလပ်စတစ်အိတ်အသုံးပြုမှု လျှော့ချရေး အသိပညာပေး ခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ် အတွင်းရှိ စည်ပင်သာယာဈေးများတွင် ဆောင်ရွက်ခဲ့သည်။
နမ္မတူမြို့နယ်တွင် အိုမီခရွန်အပါအဝင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ရောဂါပိုးများ ကြိုတင်ကာကွယ်ရေးနှင့် ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံနိုင်ရေး အသိပေး နှိုးဆော်
May 18,2023
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် အိုမီခရွန်အပါအဝင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်းရောဂါပိုးများ ကြိုတင်ကာကွယ်ရေးနှင့် ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံနိုင်ရေး (Hand Speaker)ဖြင့် အသိပေးနှိုးဆော်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နမ္မတူမြို့နယ်ရုံးရှိ ဝန်ထမ်းများက ယနေ့နံနက် (၉)နာရီအချိန်က နမ္မတူရပ်ကွက်နှင့် ပန်ဟိုက်ရပ်ကွက်တို့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သံတောင်ကြီးမြို့နယ်Community Centre ခန်းမတွင် ဘွဲကရင်ပုံပြင်ပြောပြိုင်ပွဲပြုလုပ်
May 18,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  Community Centre ခန်းမတွင် ယနေ့နံနက်(၉)နာရီအချိန်က ကျောင်းသူ/ ကျောင်းသား ပြိုင်ပွဲများ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ချီဖွေမြို့နယ်၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အကြို အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေ
May 18,2023
ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ ဇွန်လ (၅) ရက်နေ့တွင် ကျရောက်မည့်  ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေး လက်ကမ်းစာစောင်ကို ယနေ့နံနက် (၇) နာရီတွင် ချီဖွေမြို့နယ်ရှိ မြို့မဈေးတွင် ဖြန့်ဝေခဲ့ကြသည်။
တောင်သာမြို့တွင် ဆီကုန်သည်ကြီးများအသင်းမှ အခြေခံလူတန်းစားများ စားသုံးဆီ ဖူလုံစေရေးအတွက် ဈေးနှုန်းချိုသာစွာဖြင့် ဆက်လက်ရောင်းချပေး
May 18,2023
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စာသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် အခြေခံလူတန်းစားများ စားသုံးဆီဖူလုံစေရေးအတွက် တောင်သာမြို့ အမှတ်(၅)ရပ်ကွက် ဘူတာလမ်းဘေး၌ ယနေ့နံနက် (၈) နာရီခွဲအချိန်မှ စတင်၍ စာအုန်းဆီများ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်၌ မိုးစပါးအထွက်နှုန်း ပိုမိုတိုးတက်စေရေး စိုက်ပျိုးရေးနည်းလမ်းများ အသိပညာပေး ဟောပြောခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ
May 18,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ကျေးရွာများရှိ မိုးစပါးစိုက်တောင်သူများ တစ်ဧက အထွက်နှုန်း ပိုမိုတိုးတက်စေရေး ရည်ရွယ်၍ ယနေ့ မွန်းလွဲ (၁)နာရီက တော်ကမယ်ကျေးရွာအုပ်စုရှိ တောင်သူ များနှင့် တွေ့ဆုံ၍ စိုက်ပျိုးရေးနည်းလမ်းများ အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
မိုင်းခတ်၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး Mask Campaign ပြုလုပ်
May 18,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများပူးပေါင်း၍ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းရောဂါပိုး XBB(1.16) (Arcturus) ရောဂါကာကွယ်ရေး Mask Campaign ကို ယနေ့နံနက်(၇)နာရီအချိန်က မြို့မစျေးနှင့်လူစည်ကားရာနေရာများ၌ ပြုလုပ်ခဲ့ကြသည်။
တွံတေးမြို့နယ်၌ ကျန်းမာရေးဆိုင်ရာသိကောင်းစရာအသိပညာပေး (Talk Show) ကျင်းပ
May 18,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှကျန်းမာရေးဆိုင်ရာထဲက ကင်ဆာရောဂါကာကွယ်ရေးအတွက် မိဘပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေးအတွက် ကျန်းမာရေးဆိုင်ရာ သိကောင်းစရာအသိပညာပေး (Talk Show) ကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။