သတင်းများ

မုန်တိုင်းဒဏ်သင့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် စေတနာရှင် အလှူရှင်များက ပထမအကြိမ် အလှူငွေများ ပေးအပ်လှူဒါန်း
May 18,2023
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးစီးကျင်းပသည့် မုန်တိုင်းဒဏ်သင့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် စေတနာရှင် အလှူရှင်များက ပထမအကြိမ် အလှူငွေများ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီရုံး (၆)ထပ် ဆောင်အစည်းအဝေးခန်းမတွင်ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသ ကြီးအဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊အလှူရှင်များ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များ တက်ရောက်ကြသည်။
တောင်ကြီးမြို့ရှိ အခြေခံပညာကျောင်းများတွင် စုပေါင်းသန့်ရှင်းရေး ပြုလုပ်
May 18,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၌ မေလ ၂၃ ရက်နေ့မှ ၃၁ ရက်နေ့အထိပြုလုပ်မည့် ကျောင်းအပ်နှံရေးသီတင်းပတ်နှင့် ဇွန်လအတွင်း အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန် တွင် ကျောင်းသား၊ ကျောင်းသူများ စိတ်ချမ်းမြေ့စွာ ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းများ ဉပဓိရုပ်ကောင်းမွန် လှပစေရန် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များဖြင့် အမှတ်(၇)၊ အမှတ်(၁၀)နှင့် အမှတ်(၁၁) အခြေခံပညာအထက်တန်းကျောင်းတို့တွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ယနေ့နံနက် ၆ နာခွဲက ပြုလုပ်သည်။
မိတ္ထီလာခရိုင်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းများ သုံးသပ်ဆွေးနွေးပွဲကျင်း
May 18,2023
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း (MSY)၊ ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း (VRFP) နှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) များ သုံးသပ်ဆွေးနွေးပွဲကို ယမန်နေ့နံနက်က ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မန်းရွှေစက်တော်ဘုရား သန့်ရှင်းရေး ဆောင်ရွက်ထားရှိမှုနှင့် ငဖဲမြို့နယ် ရင်းရှည်ရေလှောင်တမံအား သွားရောက်ကြည့်ရှုစစ်ဆေး
May 18,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရား အောက်စက်တော်ရာရင်ပြင်၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ထားရှိမှုနှင့် ငဖဲမြို့နယ်ရှိ ရင်းရှည်ရေလှောင်တမံ ရေဝင်ရောက်မှုအခြေအနေများကို ယမန်နေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အတူ မကွေးလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ် စိုးတင်လတ်၊ အမှတ်(၉၀၅)အမြောက်စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ်မှူး ဗိုလ်မှူးချုပ်မျိုးသန့်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးမှားနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ခရမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ ဝမ်းလျှောဝမ်းပျက်ရောဂါအကြောင်း အသိပညာပေး Talk Show ကျင်းပ
May 18,2023
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် လူထုအခြေပြုဗဟိုဋ္ဌာနခန်းမ၌ ဝမ်းလျှောဝမ်းပျက်ရောဂါအကြောင်း အသိပညာပေး Talk Show ကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က ပြုလုပ်ခဲ့သည်။
ကေ့ာကရိတ်မြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေးအကြို ဟောပြောပွဲပြုလုပ်
May 18,2023
ကရင်ပြည်နယ်၊ ကေ့ာကရိတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ဇွန်လ ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အကြို အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွှဲ ၁ နာရီက ပြုလုပ်ခဲ့သည်။
ကေ့ာကရိတ်မြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေးအကြို ဟောပြောပွဲပြုလုပ်
May 18,2023
ကရင်ပြည်နယ်၊ ကေ့ာကရိတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ဇွန်လ ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အကြို အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွှဲ ၁ နာရီက ပြုလုပ်ခဲ့သည်။
မာန်အောင်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများအား စာအုပ်၊စာစောင်(အခမဲ့)ငှားရမ်းပေး
May 18,2023
ရခိုင်ပြည်နယ် မာန်အောင်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးဝန်ထမ်းများက ယနေ့ နံနက်၁၁နာရီတွင် ရွေ့လျားစာကြည့်တိုက် Mobile Library ဖြင့် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ရုံးသို့ သွားရောက်၍ စာအုပ်၊စာစောင်များအား အခမဲ့ငှားရမ်းပေးခဲ့သည်။