ဗိုလ်မှူးချုပ် ကျော်ကျော်စိုးက လေဘေးသင့်ပြည်သူများသို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ သဘာဝဘေးပြန်လည်ထူထောင်ရေးကော်မတီနှင့် အလှူရှင်များထောက်ပံ့သော ထပ်မံရောက်ရှိလာသည့် ပစ္စည်း(၂၂)မျိုးအား မြန်မြန်ဖြန့်ဝေနိုင်ရေးအတွက် ထောက်ပံ့ပစ္စည်းများ ဖွင့်ဖောက်စစ်ဆေးရေးအဖွဲ့

မြေပုံ ဇူလိုင် ၅

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့၌ ဗိုလ်မှူးချုပ် ကျော်ကျော်စိုးက လေဘေးသင့်ပြည်သူများသို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ သဘာဝဘေးပြန်လည်ထူထောင်ရေးကော်မတီနှင့် အလှူရှင်များ ထောက်ပံ့သော ထပ်မံရောက်ရှိသည့်ပစ္စည်း(၂၂)မျိုးအား ထောက်ပံ့ပစ္စည်းများဖွင့်ဖောက်စစ်ဆေးရေးအဖွဲ့မှ ဖွင့်ဖောက်စစ်ဆေးပြီး မြန်မြန်ခွဲ၊ မြန်မြန် ဖြန့်ဝေ နိုင်ရေးအတွက် မြို့နယ်ထောက်ပံ့ပစ္စည်းများ၊ ဖွင့်ဖောက်စစ်ဆေးရေးအဖွဲ့ဝင်များ၊ ဖြန့်ဝေရေးကော်မတီဝင်များနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဧည့်ရိပ်သာ၌ ပြုလုပ်သည်။

သဘာဝဘေးပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် ရောက်ရှိနေ သော ဗိုလ်မှူးချုပ် ကျော်ကျော်စိုးက မြေပုံမြို့နယ်အတွင်းရှိ လေဘေးသင့်ပြည်သူများအတွက် ထပ်မံရောက်ရှိလာသော စားရေးရိက္ခာနှင့် ထောက်ပံ့ပစ္စည်းဖြစ်သည့် ဆန်(၄၀)ကီလိုအိတ်(၄၁၆)အိတ်၊ အသင့်စားဆန်ထုပ်(၆၀၀) ထုပ်၊ ဆန်(၆)ပြည်အိတ်(၁၇)အိတ်၊ အစာခြောက်နှင့်အခြောက်အစားအစာ(၄၅)အိတ်၊ ဆန်(၂၄)ပြည် အိတ်(မြစ်ကြီးနား)(၂၄၆)အိတ်၊ ငါးခြောက်အိတ်(၂)အိတ်၊ ငါးသေတ္တာဗူး(၃၀၃)ဗူး၊ ဆီ(၈၅၀)ML(၃)ဗူး၊ ခေါက်ဆွဲခြောက်(၃၀-ထုပ်ပါ)(၄)ဖာ၊ ခေါက်ဆွဲ/ကြာဆံ(၁)ပါကင်၊ ဘီစကစ်သံပုံး(၂)ဗူး၊ အချိုရည်(၀.၂၅) လီတာ(၁၂၂)ဗူး၊ မရွှေးလမုန့်(၁)ပါကင်၊ Fried Fish With Cht(၂)ဖာ၊ Stewed Egg With Chicken(၂)ဖာ၊ Instant Noodles အထုပ်(၄၆)ထုပ်၊ Tuna Chili Pasle(၁)ဖာ၊ Steamed Jasmine Pice(၁၄)ကဒ်၊ Conned Fish(၅၄)ဗူး၊ Milet Snack(၂)ဖာ၊ Ommy Jelly Snach (၂)ဖာ၊ Tea Bag(၁)ထုပ် တို့ကို ဘေဘေး သင့်ပြည်သူများထံသို့ မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန်ရောက်ရှိရေး ညှိနှိုင်းဆွေးနွေးကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ ဆက်)