ရွှေပြည်သာ ဇူလိုင် ၅
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်တွင် မွေးကင်းစမှ (၂)နှစ်အထိ ကလေးသူငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်းများကို ရွှေပြည်သာမြို့နယ် ပြည်သူ့ဆေးရုံနှင့်ရပ်ကွက်များရှိ ဆေးထိုးစုရပ်များတွင် ထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက်(၉)နာရီတွင် အမှတ်(၁၆)ရပ် ကျန်းမာရေးဆေးပေခန်းတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များအားကာကွယ်ဆေးထိုးပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများကိုလည်း အပတ်စဉ်အင်္ဂါနေ့နှင့် ကြာသပတေးနေ့များတွင်လည်းကောင်း၊ သွားနှင့်ခံတွင်းရောဂါများကို တနင်္လာနေ့နှင့် သောကြာနေ့များတွင် ရွှေပြည်သာမြို့နယ် ပြည်သူ့ဆေးရုံတွင် ကုသဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နေမျိုးထွန်း(ပြန်/ဆက်)