ပင်လောင်း ဇူလိုင် ၅
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့တွင် ဖွင့်လှစ်ရောင်းချနေသည့် စားသောက်ဆိုင်များ တရားဝင် ယစ်မျိုးလိုင်စင်လုပ်ငန်းများနှင့် စည်းကမ်းချက်များနှင့်အညီ ရောင်းချမှု ရှိ၊မရှိကို ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ကွင်းဆင်းစစ်ဆေးမှုလုပ်ငန်းများကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင့်ဇော်ထက်နှင့်အဖွဲ့ဝင်များ မီးသတ်ဦးစီးဌာန၊ စည်ပင်သာယာ ရေးဌာန၊ အခွန်ဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနနှင့် ပြန်/ဆက်ဦးစီးဌာနတို့မှ တာဝန်ရှိသူများ ပူးပေါင်း၍ ပင်လောင်းမြို့အတွင်း၌ ဖွင့်လှစ်ရောင်းချနေသည့် စားသောက်ဆိုင်များကို တရားဝင် ယစ်မျိုးလိုင်စင်လုပ်ငန်းများဖြင့် ရောင်းချမှုရှိ၊မရှိ ကွင်းဆင်းစစ်ဆေးပြီး စည်းကမ်းချက်များ ညီညွှတ်မှုမရှိသည့် စားသောက်ဆိုင်များကို လိုအပ်သည်များ အသိပညာပေး လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်