ဒဂုံမြို့နယ်တွင် (၇၆)နှစ်​မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများကျင်းပ

ဒဂုံ ဇူလိုင် ၅

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်အခြေခံပညာကျောင်းများတွင် ဇူလိုင်လ ၃ ရက်နေ့ နံနက် ၈း၃၀ အချိန်က (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်  ဟောပြောပွဲ၊ စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများ အသီးသီးကျင်းပ​ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါစာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများကို ဒဂုံမြို့နယ်ရှိ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းအတွင်းရှိကွန်ပျူတာခန်းမ၌ပြုလုပ်ခဲ့ပြီး မူလတန်း၊ အထက်တန်း၊ အလယ်တန်းပြိုင်ပွဲဝင် စုစုပေါင်း(၂၃)ဦး ၀င်ရောက်ယှဥ်ပြိုင်ခဲ့ကြ၍ အ.လ.က(၃)ဒဂုံတွင်လည်း အလယ်တန်းအဆင့်(၁၀)ဦး ပါဝင်ယှဥ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ထို့အပြင်(၇၆)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲများကို ဇူလိုင်လ ၃ ရက်နေ့ နံနက် ၁၁း၀၀ နာရီအချိန်က အ.ထ.က(၃) ကျောင်းအတွင်းရှိခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြည်ကြည်ခိုင်ကဟောပြောခဲ့ပြီး ဆရာ၊ ဆရာမ(၉)ဦးနှင့် ကျောင်းသား၊ ကျောင်းသူစုစုပေါင်း(၁၁၀)ဦး တက်ရောက်ခဲ့ကြသည်။ ထို့အတူ အ.လ.က(၃)ဒဂုံတွင်လည်း အလယ်တန်းပြဆရာမ ​ဒေါ်ခင်သန်းနွယ်က ဆရာ၊ ဆရာမ(၈)ဦးနှင့်​ ကျောင်းသား၊ ကျောင်းသူ(၁၀၀)ဦးအား ​ဟော​ပြောခဲ့ပြီး ဒဂုံမြို့နယ်အတွင်းရှိ​ အခြားကျောင်းများ၌လည်း ဆက်လက်ကျင်းပသွားမည်ဖြစ်​ကြောင်း သတင်းရရှိပါသည်။

ကြည်​ဇေ​သော်