ငပုတောမြို့နယ်၊ အုန်းပင်စုကျေးရွာရှိ Gasi Fire ဖြင့်လည်ပတ်အသုံးပြုနေသော ဆန်စက်အား တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေး

ငပုတော ဇူလိုင် ၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ စက်မှုကြီးကြပ်ရေးနှင့် မှတ်ပုံတင်ရေးဌာနတို့တွင် မှတ်ပုံတင်ထားသောဆန်စက်များအနက် Gasi Fire ဖြင့် အသုံးပြုလည်ပတ်လျက်ရှိသော  အုန်းပင်စုကျေးရွာအုပ်စု၊ အုန်းပင်စုကျေးရွာရှိ မြရတနာဆန်စက်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊ အဖွဲ့ဝင်(၂)ဦးသန်းဦးနှင့်တာဝန်ရှိသူများ​က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့သို့ စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများသည် မြရတနာဆန်စက်လုပ်ငန်းပိုင်ရှင်ဦးနေလင်းအောင်နှင့်တွေ့ဆုံပြီး ဆန်စက်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးကာ Gasi Fire အသုံးပြုလည်ပတ်မှုအခြေအနေနှင့် ဆန်စက်လည်ပတ်မှုအ​ခြေအနေကိုလည်းကောင်း၊ စပါးအခြောက်ခံကန်တွင် စပါးသိုလှောင်မှုအခြေအနေနှင့် ဆန်ကြိုတ်ခွဲတင်ပို့ထုတ်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးကာ မီးဘေးအန္တရာယ်ကင်းဝေးစေရေး အထူးအလေးထားဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။

အောင်သူ (ပြန်/ဆက် )