သတင်းများ

(၁၀၁)နှစ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မိုးစပါးစိုက်ပျိုးမည့်တောင်သူများအား သွင်းအားစုဓာတ်မြေဩဇာများပေးအပ်
Jul 01,2023
ယနေ့ဇူလိုင်လ ၁ ရက်နေ့တွင်ကျရောက်သည့် (၁၀၁)နှစ်မြောက်အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပေါက်ခေါင်းမြို့နယ်သမဝါယမဦးစီးဌာနှင့် သမဝါယမအသင်းစုတို့ ပူးပေါင်း၍ မိုးစပါးစိုက်ပျိုးမည့်အသင်းသားတောင်သူများအား သွင်းအားစု ဓာတ်မြေဩဇာများဖြန့်ဝေပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက ဘန့်ပြင်ကျေးရွာ၌ကျင်းပခဲ့သည်။
မြစ်သားမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး အခြေခံသမဝါယမအသင်းများသို့ အရင်းမပျောက် မတည်ငွေများပေးအပ်ပွဲကျင်းပ
Jul 01,2023
မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်ခရိုင်၊  မြစ်သားမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးအခြေခံ သမဝါယမအသင်းများသို့ အရင်းမပျောက်မတည်ငွေများပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီ အချိန်ကမြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရွှေကူမြို့နယ်၌ အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဒေသထွက်ကုန်ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများအား ဈေးနှုန်းချိုသာစွာရောင်းချပေး
Jul 01,2023
၂၀၂၃ ခုနှစ်၊ ဇူလိုင်လ(၁)ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကချင်ပြည်နယ်၊ ‌ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ် သမဝါယမဦးစီးဌာနမှ ဒေသခံပြည်သူများ ဈေးနှုန်းချိုသာစွာအလွယ်တကူဝယ်ယူရရှိနိုင်စေရန်ရည်ရွယ်၍ အမှတ်(၁)မြို့မ ဈေးကြီးအတွင်းရှိ ဈေးသမဝါယမအသင်းလီမီတက်ရှေ့၌ ယနေ့နံနက် ၈ နာရီခွဲခန့်က ဒေသထွက် ကုန်ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများအား ဈေးနှုန်းချိုသာစွာ ရောင်းချပေးခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်အတွင်း မွေးမြူရေးလုပ်ငန်း၊စိုက်ပျိုးရေးလုပ်ငန်းနှင့် ငါးလုပ်ငန်းရှင်များထံ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ထုတ်ချေးပေးမှု အခမ်းအနားကျင်းပ
Jul 01,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်အတွင်း မွေးမြူရေးလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းနှင့် ငါးလုပ်ငန်းရှင်များထံ နိုင်ငံ့စီးပွားမြှင်တင်ရေးရန်ပုံငွေ ထုတ်ချေးပေးမှုအခမ်းအနားကို ယမန်နေ့မွန်းလွဲ၂နာရီက ကျောက်ဆည်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဗိုလ်ချုပ် သောင်းထိုက်ရွှေနှင့် တာဝန်ရှိသူများက ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးအတွက် အ.ထ.က(၂) စာသင်ကျောင်း၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာနေရာသို့ ကြည့်ရှု
Jul 01,2023
မြောက်ဦးမြို့နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းတာဝန်ခံ ဗိုလ်ချုပ် သောင်းထိုက်ရွှေနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက် ၈ နာရီခွဲအချိန်က အ.ထ.က-၂ စာသင်ကျောင်း၌ ကျောင်း ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာနေရာသို့ လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
သမဝါယမစာရင်းရေး၊ စာရင်းကိုင်နှင့်သက်မွေးပညာသင်တန်းကျောင်း(မကွေး)တွင် (၁၀၁)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့အထိမ်းအမှတ် သဝဏ်လွှာဖတ်ကြားခြင်းနှင့် ဈေးရောင်းပွဲတော်ကျင်းပဆောင်ရွက်
Jul 01,2023
 (၁၀၁)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့အထိမ်းအမှတ် သဝဏ်လွှာဖတ်ကြားခြင်းနှင့် တိုင်းဒေသကြီးအတွင်းရှိ သမဝါယမအသင်းအဆင့်ဆင့်တို့ ပူးပေါင်း၍ ဈေးရောင်းပွဲတော်ကို ယနေ့နံနက်(၉)နာရီအချိန်က သမဝါယမစာရင်းရေး၊ စာရင်းကိုင်နှင့်သက်မွေးပညာ သင်တန်းကျောင်း(မကွေး)တွင် ကျင်းပပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီးသမဝါယမဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး၊ သမဝါယမစာရင်းရေး၊ စာရင်းကိုင်နှင့်သက်မွေးပညာ သင်တန်းကျောင်း(မကွေး) ကျောင်းအုပ်ဆရာမကြီး ဒေါ်စန္ဒာထွန်းနှင့် နည်းပြ ဆရာ/ဆရာမများ၊ ခရိုင်/မြို့နယ် သမဝါယမဦးစီးဌာနမှဝန်ထမ်းများ၊ သင်တန်းသား/သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
နည်းပညာတက္ကသိုလ် (တောင်ငူ)၌ မိုးရာသီသစ်ပင်စိုက်ပွဲတော်ကျင်းပ
Jul 01,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ နည်းပညာတက္ကသိုလ်(တောင်ငူ)၌ မိုးရာသီ သစ်ပင်စိုက်ပွဲတော်ကို ယနေ့နံနက် (၉)နာရီအချိန်က နည်းပညာတက္ကသိုလ်ဝင်းအတွင်း ကျင်းပခဲ့သည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၂၀၂၃ခုနှစ်  မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အကြို သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနား တက်ရောက်
Jul 01,2023
မွန်ပြည်နယ်တွင် သစ်တောသစ်ပင် ပြုန်းတီးမှုများကို ပြန်လည်အစားထိုးနိုင်ရေး၊ သစ်တောစိုက်ခင်းများ ထူထောင်နိုင်ရန် ရည်ရွယ်၍ ၂၀၂၃ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အကြို သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ အမှတ် (၁၂) အခြေခံပညာ အထက်တန်းကျောင်း၌ကျင်းပ ပြုလုပ်ရာမွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ မွန်ပြည်နယ် အမျိုးသမီးကော်မတီအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့ဝင်များ၊  တာဝန်ရှိသူ များ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်သည်။