သတင်းများ

ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများ ကျောက်ဖြူမြို့ သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုနှင့် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး မြို့လုံးကျွတ် ခြင်ဆေးဖျန်းခြင်းဆောင်ရွက်နေမှုတို့အား ကြည့်ရှု
Jul 01,2023
ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများ၊ မြို့မိ၊မြို့ဖများသည် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်အတူ ယနေ့ နံနက်ပိုင်းက ကျောက်ဖြူမြို့ သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုနှင့် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး မြို့လုံးကျွတ်ခြင်ဆေးဖျန်းခြင်း ဆောင်ရွက်နေမှုတို့အားသွားရောက် ကြည့်ရှုအားပေးသည်။
ဗိုလ်မှူးချုပ် တင်ဆွေသည် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် စုပေါင်းသန့်ရှင်းရေး ပြုလုပ်နေမှုများနှင့် မြို့ပေါ်ရှိ ဓာတ်အားလိုင်းကြိုးများ ပြန်လည်သွယ်တန်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး
Jul 01,2023
ရခိုင်ပြည်နယ် မောင်တောမြို့၌ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသန့်ရှင်း သာယာလှပစေရေးအတွက် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်များ၊ ဆရာ၊ ဆရာမများ၊ လူမှုရေးအဖွဲ့ အစည်းများ တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်သူများ စုပေါင်းကာ သန့်ရှင်းရေး ပြုလုပ်ခြင်းနှင့် ကညင်တန်း ဗိုလ်မှူးရွာအဝင်လမ်း ရေစီးရေလာကောင်းမွန်စေရေး
ဗိုလ်ချုပ်စိုးနိုင်ဦးနှင့်တာဝန်ရှိသူများ မြို့သန့်ရှင်းသာယာလှပရေးသန့်ရှင်းရေးဆောင်ရွက်နေမှုများ အားကြည့်ရှုအားပေး
Jul 01,2023
ရခိုင်ပြည်နယ်၊ သံတွဲမြို့၌ လေဘေးသင့်ဒေသများအားပြန်လည်ထူထောင်ရေး ဆောင်ရွက်ရန် တာဝန်ပေးအပ်ထားသည့် ဗိုလ်ချုပ်စိုးနိုင်ဦးသည် တာဝန်ရှိသူများသည် ယနေ့နံနက် ၇ နာရီက အပတ်စဉ် စနေနေ့တိုင်း မြို့သန့်ရှင်းသာယာလှပရေးစုပေါင်းသန့်ရှင်ရေး ဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ဗိုလ်မှူးချုပ်ဝင်းမောင်နှင့်အဖွဲ့ဝင်များသည် ပုဏ္ဏားကျွန်းမြို့၌ ကျောင်းပတ်ဝန်းကျင်များ သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး
Jul 01,2023
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းတာဝန်ခံ ဗိုလ်မှူးချုပ် ဝင်းမောင်နှင့်တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ပုဏ္ဏားကျွန်းမြို့၊ အခြေခံ ပညာအထက်တန်း ကျောင်းခြံစည်းရိုးဘေးလမ်းမတစ်လျှောက်တွင် တပ်မတော်မှ နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်အတူ ဌာနဆိုင်ရာဝန်ထမ်းများက ကျောင်းပတ်ဝန်းကျင်များ သန့်ရှင်းသာယာလှပစေရေးအတွက် စုပေါင်းသန့်ရှင်းလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုတို့ကို လာရောက်ကြည့်ရှုအားပေးခဲ့သည်။
မံစီမြို့နယ်၌ (၁၀၁) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ဂုဏ်ပြုသောအားဖြင့် မီးဖိုချောင်သုံး စားသောက်ကုန်များ ကိုဈေးနှုန်းချိုသာစွာရောင်းချပေး
Jul 01,2023
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ်သမဝါယမဦးစီးဌာနရုံးရှေ့၌ ယနေ့နံနက် ပိုင်းက (၁၀၁) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ဂုဏ်ပြုသောအားဖြင့် မီးဖိုချောင်သုံး စားသောက် ကုန်များကို အများပြည်သူဈေးနှုန်းချိုသာစွာ စားသုံးရန်အတွက် ရောင်းချပေးခဲ့ကြောင်း သိရသည်။
မြောက်ဥက္ကလာပမြို့နယ်တွင် မိုင်းအသိ၊မိုင်းသတိ အသိပညာပေး​ဆွေးနွေးပွဲကျင်းပ
Jul 01,2023
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် မိုင်းအသိ၊ မိုင်းသတိ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အပူဒဏ်ကာကွယ်ရေးနှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရေးအတွက် ကျေးရွာချင်းဆက် လမ်းဘေး(ဝဲ၊ ယာ)များ၌ အရိပ်ရသစ်ပင်များ စုပေါင်းစိုက်ပျိုး
Jul 01,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက မြို့နယ်အတွင်း  သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရန်နှင့် ကျေးလက်ဒေသတစ်ခွင် သာယာစိမ်းလန်းစိုပြည်စေရန် ရည်ရွယ်ပြီး  ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်ဦးစီးအရာရှိနှင့် ဝန်ထမ်းများအဖွဲ့က ကျေးရွာနေပြည်သူများနှင့် ပူးပေါင်းပြီး ပွင့်ဖြူမြို့နယ်အတွင်း ကျေးရွာချင်းဆက်လမ်းများ၏ လမ်းဘေး(ဝဲ ၊ ယာ) တစ်လျှောက် အရိပ်ရ သစ်ပင်များ စုပေါင်းစိုက်ပျိုးခဲ့ကြောင်းသိရသည်။
ချောက်မြို့နယ်၌ ၂၀၂၃ ခုနှစ်  မိုးရာသီ တမာပျိုးပင်စိုက်ပျိုးပွဲ အခမ်းအနားကျင်းပ
Jul 01,2023
မ​ကွေးတိုင်း​ဒေသကြီး၊ ​ချောက်ခရိုင်၊​ ချောက်မြို့နယ်၏ ၂၀၂၃ ခုနှစ် မိုးရာသီတမာပျိုးပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့ နေ့နံနက်(၇)နာရီအချိန်ကအ မှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ဘောလုံးကွင်းအတွင်း၌ ကျင်းပသည်။