သတင်းများ

ဆီဆိုင်မြို့နယ်၌ ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Jul 01,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးမှူးနှင့်ဝန်ထမ်းများက ဇွန် ၃၀ ရက် နံနက် ၉ နာရီက မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့်မိသားစုများအား ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူခြင်းကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြသည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေး လုပ်ဆောင်နေမှုအား ကြည့်ရှုအားပေး
Jul 01,2023
မကွေးတိုင်းဒေသကြီး သန့်ရှင်းသာယာလှပရေးအတွက် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/ မြို့နယ်များတွင် မြို့ပတ်ဝန်းကျင်များ သန့်ရှင်းသာယာလှပရေး အပတ်စဉ်(စနေနေ့တိုင်း)စုပေါင်း သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၇ နာရီအချိန်က မကွေးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေး ပြုလုပ် ဆောင်ရွက်နေမှုအား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ မကွေးတပ်နယ်အသီးသီးမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအကြီးအကဲများ သွားရောက်၍ ကြည့်ရှုအားပေးသည်။
ရွှေပြည်သာမြို့နယ်၌ အလုပ်သမားရေးရာဥပဒေအသိပညာပေး ဆွေးနွေးပွဲကျင်းပ
Jul 01,2023
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ရွှေပြည်သာစက်မှုဇုန်(၂)ရှိ စက်ရုံ၊ အလုပ်ရုံများမှ အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်များ၊ အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ (Wcc)အဖွဲ့ဝင်များအား အလုပ်သမားရေးရာဥပဒေများ အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် (၁၀)နာရီတွင် ရွှေပြည်သာစက်မှုဇုန်(၂)ကနောင်ခန်းမ၌ ကျင်းပသည်။
လယ်ဝေးမြို့နယ်ရှိရပ်ကွက်/ ကျေးရွာများမှပြည်သူ ၅၅၄ ဦးအား ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူပြီးစီး
Jul 01,2023
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လယ်ဝေးမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဦးခင်မောင်ထွေးနှင့် ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများမှ ပြည်သူများအား ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည်။
မြင်းမူမြို့နယ်တွင် ရေသွင်းစိုက်ပျိုးခဲ့သည့်နှမ်းများ စတင်ထွက်ရှိကာဈေးကောင်း၍ တောင်သူများအဆင်ပြေ
Jul 01,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်တွင်ဒေသခံတောင်သူများစိုက်ပျိုးထားရှိသည့် ရေတင်နှမ်း(နွေနှမ်း)များ စတင်ရိတ်သိမ်း‌ရောင်းချနေပြီဖြစ်ရာ ဈေးနှုန်းကောင်း၍ တောင်သူများဝင်ငွေပိုမိုရရှိနေကြောင်း သိရသည်။
ကေ့ာကရိတ်မြို့   ငါးတိုင်ကျေးရွာ အလယ်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေး ဟောပြောခြင်းနှင့် အားကစားပစ္စည်း ပေးအပ်လှူဒါန်းပွဲပြုလုပ်
Jul 01,2023
လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးရည်ရွယ်၍ ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့  နံနက် ၁၁ နာရီ အချိန်က  ငါးတိုင်ကျေးရွာ အလယ်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဝေါမြို့နယ်၌ (၁၀၁) နှစ်မြောက်အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် စံပြလူငယ်စိုက်ပျိုးရေးသမဝါယမအသင်း (စမ်းဝတီ) သဘာဝမြေသြဇာပေးအပ် လှူဒါန်းပွဲကျင်းပ
Jul 01,2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၌ (၁၀၁) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် မိုးစပါးစိုက်ပျိုးသည့် ဘိုးဦးစိန်ကျေးရွာ၊ စံပြလူငယ် စိုက်ပျိုးရေးသမဝါယမအသင်းလီမိတက်အသင်းသားများအား (စမ်းဝတီ) သဘာဝမြေသြဇာ ပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက် (၉) နာရီက မြို့နယ်သမဝါယမဦးစီးဌာနရုံး အစည်းဝေးခန်းမ၌ ပြုလုပ်ကျင်းပခဲ့သည်။
လှိုင်းဘွဲမြို့၌ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)ထယ်ထိုး မြေမြုပ်ခြင်းကွင်းသရုပ်ပြပွဲကျင်းပ
Jul 01,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)ထယ်ထိုး မြေမြုပ်ခြင်းကွင်းသရုပ်ပြပွဲကို မဲလောင်းလေးကျေးရွာရှိ  တောင်သူ  ဦးစောလှမင်းအောင်၏  လယ်ယာမြေ  ကွင်းအမှတ်-၁၅၆၄၊  ဦးပိုင်အမှတ်(၈)၌ ယနေ့ နံနက် ၈ နာရီအချိန်က ပြုလုပ်ကျင်းပခဲ့သည်။