သတင်းများ

ပန်းဘဲတန်းမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲဆောင်ရွက်
Jun 28,2023
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ပန်းဘဲတန်းမြို့နယ်အတွင်းရှိ ကျောင်းသား/ကျောင်းသူများအနေဖြင့် မူးယစ်ဆေးဝါးအန္တရာယ်များအကြောင်းကို သိရှိနိုင်စေရန်ရည်ရွယ်၍  အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ဇွန်လ ၂၆ ရက်နေ့ မွန်းလွဲ(၂)နာရီတွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို  ဆောင်ရွက်ခဲ့သည်။
ဘိုကလေးမြို့နယ်တွင် လူငယ်ရေးရာ ဟောပြောပွဲကျင်းပ
Jun 28,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းကာ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး၊ ကာယ၊ ဉာဏ၊ စာရိတ္တမဏ္ဍိုင်များဖွံ့ဖြိုးတိုးတက်စေရေး၊ အနာဂတ်နိုင်ငံတော်အတွက် ထူးချွန်ထက်မြက်သော လူတော်လူကောင်းများ ပေါ်ထွန်းလာစေရေးတို့ကို ရည်ရွယ်ကာ ယနေ့နံနက်(၁၀)နာရီ၌ ဘိုကလေးမြို့၊ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းတွင် လူငယ်ရေးရာ ဟောပြောပွဲကျင်းပဆောင်ရွက်သည်။
မအူပင်မြို့၌ အခြေခံစားသောက်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့် ပြည်သူများထံရောင်းချ
Jun 28,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ အခြေခံစားသောက်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့် ပြည်သူများထံရောင်းချခြင်းအား ယမန်နေ့နံနက် (၇)နာရီ (၃၀)မိနစ် အချိန်က အမှတ်(၅)ရပ်ကွက်၊ လွတ်လပ်ရေးကျောက်တိုင်ကွင်းရှေ့ (ကမ်းနားလမ်း)တွင် ရောင်းချခဲ့သည်။
ထီးချိုင့်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ခေါင်းဆောင်မှုနှင့်စီမံခြင်းစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ
Jun 28,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာချစ်နိုင်(စိတ်ပညာ)၏ ခေါင်းဆောင်မှုနှင့်စီမံခြင်း စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက ယနေ့နံနက် (၁၀)အချိန်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တနိုင်းမြို့နယ်၌ ၂၀၂၃ ခုနှစ်  ကမ္ဘာ့သစ်ပင်စိုက်ပျိုးရေးနေ့ အထိမ်းအမှတ် မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
Jun 28,2023
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်၌ ၂၀၂၃ ခုနှစ် ကမ္ဘာ့သစ်ပင်စိုက်ပျိုးရေးနေ့  အထိမ်းအမှတ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပွဲတော်ကို ယမန်နေ့နံနက် ၇ နာရီခွဲက လီဒိုလမ်းမကြီး လမ်းဘေး ဝဲ/ယာ၌ စိုက်ပျိုးခဲ့ကြသည်။
ငပုတောမြို့၌ စားသုံးသူရေးရာဦးစီးဌာနနှင့် ပုသိမ်ခရိုင်ဆီကုန်သည်၊ ဆီလုပ်ငန်းရှင်များ အသင်းတို့ ပူးပေါင်း၍ ဆီတစ်ပိဿာ (၄၃၀၀)ကျပ်နှုန်းဖြင့် ရောင်းချပေး
Jun 28,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၌ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် ပုသိမ်ခရိုင်၊ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းတို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ငပုတောမြို့ တောင်ပိုင်းရပ်ကွက် ဒေါနလမ်းတွင် ဆီတစ်ပိဿာ လျှင် (၄၃၀၀)ကျပ်ဖြင့် ဒေသခံပြည်သူများကို သက်သာသော စျေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
မိတ္ထီလာခရိုင်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေး မွေးမြူရေးလုပ်ငန်းများ တစ်ပိုင်တစ်နိုင်မှစီးပွားဖြင့်လုပ်ကိုင်နိုင်စေရန်  ကျေးရွာတစ်ရွာလျှင် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ သိန်း၃၀၀ ဖြင့် ကျေးရွာ (၅)ရွာကို  ထုတ်ချေးပေးသွားမည်
Jun 28,2023
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ တစ်ပိုင်တစ်နိုင်မှ စီးပွားဖြင့်လုပ်ကိုင်နိုင်စေရန် ကျေးရွာတစ်ရွာလျှင် မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေ သိန်း ၃၀၀ဖြင့် ကျေးရွာ ၅ ရွာကို ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ငါန်းဇွန်မြို့၌ ကျောင်းမုန့်ဈေးတန်းတွင် စားသုံးရန် မသင့်သည့် အစားအစာများ ရောင်းချမှု မရှိစေရေး ကွင်းဆင်းဆောင်ရွက်
Jun 28,2023
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့  အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့  နံနက် ၈နာရီခွဲက စားသုံးသူရေးရာဦးစီးဌာနမှ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ကျောင်းသား/သူများ ကျန်းမာရေးထိခိုက်မှု မရှိစေရန်အတွက် ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချလျက်ရှိသော ဈေးဆိုင်များအား စားသုံးရန် မသင့်သည့် အစားအစာများ ရောင်းချမှု မရှိစေရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။