တနိုင်း ဇွန် ၂၈
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်၌ ၂၀၂၃ ခုနှစ် ကမ္ဘာ့သစ်ပင်စိုက်ပျိုးရေးနေ့ အထိမ်းအမှတ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပွဲတော်ကို ယမန်နေ့နံနက် ၇ နာရီခွဲက လီဒိုလမ်းမကြီး လမ်းဘေး ဝဲ/ယာ၌ စိုက်ပျိုးခဲ့ကြသည်။
အဆိုပါ သစ်ပင်စိုက်ပွဲတွင် တနိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးဇော်လင်း၊ ခရိုင်ရဲတပ်ဖွဲမှူး ဒုရဲမှူးကြီးဌေးဦး၊ ခရိုင်စီမံအဖွဲ့ဝင် ဦးဇော်ဇော်ထက်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်စိုးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရဲတပ်ဖွဲ့၀င်များ၊ မီးသတ်တပ်ဖွဲ့၀င်များ၊ မြို့နယ်စည်ပင်သာယာရေး၀န်ထမ်းများနှင့် ဒေသခံပြည်သူများ အင်အား (၁၂၀) ခန့် စုပေါင်း၍ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ မိုးခေါင်ရေရှားမှု မဖြစ်ပေါ်စေရန် ရည်ရွယ်၍ ခရေပင်(၁၀၀) နှင့် သပြေဘူတ (၅၀)ပင်တို့ကို တနိုင်းမြို့နယ်၊ လီဒိုလမ်းမကြီး လမ်းဘေး ဝဲ/ယာ တစ်လျှောက် စိုက်ပျိုးခဲ့ကြောင်း သိရသည်။
ပိုင်ထွန်း(တနိုင်း)