ပေါင်းတည်၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး ကွင်းဆင်းဆောင်ရွက်
Jun 28,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနသည် မိုးရာသီကာလ၌ဖြစ်လေ့ရှိသော သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရေးအတွက် ရပ်ရွာများနှင့် စာသင်ကျောင်းများအရောက် ရောဂါကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း၊ ယမန်နေ့နံနက်ပိုင်းက ကြို့ကုန်းကျေးရွာအတွင်းသို့ ကွင်းဆင်းဆောင်ရွက်ကြကြောင်း သိရသည်။