သတင်းများ

ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများ နဂါးကျောင်းတိုက်ဆရာတော်အား သွားရောက်ဖူးမြော် ကြည်ညို၊ MSME လုပ်ငန်းလုပ်ကိုင်နေသည့် ကြံတိုင်းအောင် ဆားကြိတ်စက်လုပ်ငန်းအား လေ့လာ အားပေး
Jun 28,2023
ဒုတိယဗိုလ်ချုပ်ကြီး လူအေးသည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အတူ ယနေ့နံနက်ပိုင်းက ဆေးရုံတက်ရောက်ကုသမှုခံယူရာမှ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပြီဖြစ်သည့် နဂါးကျောင်းတိုက်ဆရာတော်အား သွားရောက်ဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့သန့်ရှင်းသာယာလှပရေးပြုလုပ်နေမှုအား စစ်ဆေးကာ MSME လုပ်ငန်း လုပ်ကိုင်နေသည့် ကြံတိုင်းအောင် ဆားကြိတ်စက်လုပ်ငန်းသို့ သွားရောက်လေ့လာအားပေးခဲ့သည်။
ပေါက်ခေါင်းမြို့၌ လူရည်ချွန်အတွေ့အကြုံရှင်းလင်းပွဲ အခမ်းအနားကျင်းပ
Jun 28,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် အ.ထ.က(ပေါက်ခေါင်း)မှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ဒသမတန်းမှလူရည်ချွန်မကြည်ဖြူခင်၏ "လူရည်ချွန်" အတွေ့အကြုံရှင်းလင်းပွဲအခမ်းအနားကို ဇွန်လ ၂၆ ရက်နေ့ မွန်းလွဲပိုင်းက အ.ထ.က(ပေါက်ခေါင်း)ရွှေရတုခန်းမတွင် ကျင်းပပြုလုပ်သည်။
လွိုင်ကော်မြို့၌ (၁၀၁) နှစ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသစ်ပင်စိုက်ပျိုး
Jun 28,2023
၂၀၂၃ ခုနှစ်၊ ဇူလှိုင်လ (၁) ရက်နေ့တွင်ကျရောက်မည့် (၁၀၁) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကယားပြည်နယ်သမဝါယမဦးစီးဌာနနှင့် မြို့နယ်သမဝါယမဦးစီးဌာနများရှိ ဝန်ထမ်းများ၊​ ပြည်နယ်သမဝါယမအသင်းစုချုပ်မှ အမှုဆောင်အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းတွင် လွိုင်ကော်မြို့နယ်၊ ဒေါဥခူရပ်ကွက်ရှိ ကယားပြည်နယ် သမဝါယမဦးစီးဌာနရုံးဝန်းအတွင်း၌ စုပေါင်းသစ်ပင်စိုက်ပျိုးခဲ့ကြသည်။
သာယာဝတီမြို့တွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့နှင့်ပူးပေါင်း၍ စာဖတ်ဝိုင်းပြုလုပ်
Jun 28,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့နှင့်ပူးပေါင်း၍ စာပေကို မြတ်နိုးတန်ဖိုးထားသူများ တိုးပွားလာစေရန် ရည်ရွယ်၍ ဇွန်လ ၂၆ ရက်နေ့၊ နေ့လယ် ၂ နာရီက စာဖတ်ဝိုင်း ပြုလုပ်ဆောင်ရွက်ခဲ့သည်။
သရက်မြို့နယ်အတွင်း ဇီဝဆိုင်ရာ အချက်အလက် (Biometric)ကောက်ယူခြင်း လုပ်ငန်းများဆောင်ရွက်
Jun 28,2023
မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်အတွင်း E-iDစနစ်ဖြင့် ဇီဝဆိုင်ရာအချက်အလက်(Biometic) ကောက်ယူခြင်း လုပ်ငန်းများကို လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ဇွန်လ ၂၂ ရက်နေ့မှ စတင်၍ အမှတ်(၂) အကြီးစား စက်မှုလက်မှုလုပ်ငန်း အမှတ်(၃၁) အကြီးစား စက်ရုံ (သရက်)တွင် ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက်(၉) နာရီတွင် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
မိုင်းဖြတ်မြို့နယ်၌ Biometric Enrollment and UID Management System အသုံးပြု၍ အချက်အလက်များကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်
Jun 28,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မိုင်ဖြတ်မြို့နယ်ဦးစီးမှူးရုံမှ e-ID စနစ်လုပ်ငန်းဆောင်ရွက်ရာတွင် ဒုတိယအဆင့်ဖြစ်သည့် ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူခြင်းလုပ်ငန်းအား အောင်မြင်အောင်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍  Biometric Enrollment and UID Management System အသုံးပြု၍ အချက်အလက်များ ကောက်ယူခြင်းလုပ်ငန်းကို နံနက်ပိုင်းမှစ၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တွန်းဇံမြို့၌ မူးယစ်အန္တရာယ်တားဆီးရေးဆိုင်ရာ အသိပညာပေးခြင်းနှင့် (၃၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲ ဆုရရှိသူများ ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ
Jun 28,2023
ချင်းပြည်နယ် တွန်းဇံမြို့တွင် မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တားဆီးရေးဆိုင်ရာ အသိပညာပေးခြင်းနှင့် (၃၆) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ မွန်းလွှဲ (၂) နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း၊ ယာယီခန်းမဆောင်၌ ပြုလုပ်ခဲ့သည်။
သဲကုန်းမြို့နယ်၌ ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း (RBF)စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်း အခမ်းအနားကျင်းပ
Jun 28,2023
ပဲခူးတိုင်း​ဒေသ​ကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်း​မြို့နယ်‌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ခုဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်​ဆောင်ရွက်မည့် ကျေးလတ်စီးပွားမြင့်မားရေးလုပ်ငန်း(RBF) စီမံကိန်းအကြောင်း မိတ်ဆက်ရှင်းလင်းအခမ်းအနားကို ဇွန်လ ၂၆ ရက်နေ့က သဲကုန်းမြို့နယ်၊ ထန်းပင်မှော်အုပ်စု၊ ကျောင်းကုန်း​​ကျေးရွာရှိ ဘုန်း​ကြီးကျောင်းဓမ္မာရုံအတွင်း ကျင်းပခဲ့ကြောင်း သိရသည်။