ငပုတော ဇွန် ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၌ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် ပုသိမ်ခရိုင်၊ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းတို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ငပုတောမြို့ တောင်ပိုင်းရပ်ကွက် ဒေါနလမ်းတွင် ဆီတစ်ပိဿာ လျှင် (၄၃၀၀)ကျပ်ဖြင့် ဒေသခံပြည်သူများကို သက်သာသော စျေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ထို့သို့ ရောင်းချပေးလျှက်ရှိရာ ပုသိမ်ခရိုင်၊ဆီကုန်သည်နှင့်ဆီ လုပ်ငန်းရှင်များအသင်းနှင့် မြို့နယ် စားသုံးသူရေးရာဦးစီးဌာန တို့ပူးပေါင်း၍ ပြည်သူများအား ဆီပိဿာချိန် (၅၅၀)ခန့်အား ရောင်းချပေးခဲ့ပြီး ယင်းသို့ ရောင်းချပေးနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊ အဖွဲ့ဝင် (၂)ဦးသန်းဦး၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့အမှုဆောင်အရာရှိ ဦးစိုးဝဏ္ဏဝင်းနှင့် တာဝန်ရှိသူများက လာရောက်ကြည့်ရှု့အားပေးကာ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
အောင်သူ(ပြန်/ဆက်)