သတင်းများ

ကျောက်ပန်းတောင်းမြို့နယ်တွင် ဝန်ထမ်းများအား  Biographc Data နှင့် Biometric Data ကောက်ယူခြင်းလုပ်ငန်းများဆောင်ရွက်
Jun 28,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင်  ဝန်ထမ်းများအား အီလက်ထရောနစ်စနစ်ဖြင့် ကိုယ်ရေးအချက်အလက်များ (Biographic Data) နှင့် ဇီဝအချက်အလက်များ( Biometric Data) ကောက်ယူခြင်းလုပ်ငန်းများကို၊ ဇွန်လ(၂၇)ရက်နေ့မှ နံနက်(၁၀)နာရီမှ စတင်၍ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
မိတ္ထီလာတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ အမျိုးသား စားပွဲတင်တင်းနစ်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနား ကျင်းပ
Jun 28,2023
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာတက္ကသိုလ်၏ ၂ဝ၂၂-၂ဝ၂၃ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသား စားပွဲတင်တင်းနစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉နာရီအချိန်က အဆိုပါ တက္ကသိုလ် အားကစားခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
ထားဝယ်ခရိုင် လူထုအခြေပြုဗဟိုဌာနခန်းမ၌ ဗီဒီယိုရိုက်ကူးတည်းဖြတ်နည်းဆွေးနွေးပွဲကျင်းပ
Jun 28,2023
ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အမှုထမ်း၊ အရာထမ်းများ ဗီဒီယိုရိုက်ကူးခြင်း တည်းဖြတ်ခြင်းများကို မဖြစ်မနေတတ်သိနားလည်ထားရန်လိုအပ်သည့်အတွက် ရိုက်ကူးတည်း ဖြတ်နည်းဆွေးနွေးပွဲကိုယနေ့ နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။
ပိုင်ကျုံမြို့ အ.ထ.ကပိုင်ကျုံကျောင်း၌ ပညာရေးဝန်ကြီးဌာန၏ခွင့်ပြုရန်ပုံ‌ငွေဖြင့် ကျောင်းဆောင်သစ်တည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး
Jun 28,2023
နိုင်ငံတစ်ဝန်းရှိ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျောင်းသားလူငယ်များ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်စေရန်ရည်ရွယ်ပြီး ပညာရေးဝန်ကြီးဌာနမှအခြေခံပညာကျောင်းများ တည်ဆောက်ပေးလျက်ရှိရာ ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ အ.ထ.က ပိုင်ကျုံကျောင်း၌ Steel Structureဖြင့် (ပေ ၁၂၀×ပေ၃၀)ရှိတစ်ထပ်ကျောင်းဆောင် သစ်တစ်လုံး တည်ဆောက်ပေးလျက်ရှိကြောင်းသိရသည်။
ကမာရွတ်မြို့နယ်တွင် နိုင်ငံသားတစ်ဦးချင်း၏ကိုယ်ရေးအချက်အလက်(Biographic)နှင့် ဇီဝဆိုင်ရာချက်အလက်(Biometric)ကောက်ယူခြင်းဆောင်ရွက်
Jun 28,2023
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် လူဝင်မှုကြီးကြပ်‌ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံသားတစ်ဦးချင်း၏ကိုယ်ရေးအချက်အလက်(Biographic)နှင့် ဇီဝဆိုင်ရာအချက်အလက်(Biometric)ကောက်ယူခြင်းလုပ်ငန်းဆောင်ရွက်ခြင်းများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ဇွန်လ ၂၆ ရက်နေ့နံနက်ပိုင်းမှစ၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကျိုက်မရောမြို့နယ်၌ ငလျင်ဘေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်
Jun 28,2023
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍  ကျောင်းသား၊ ကျောင်းသူများအနေဖြင့် သဘာဝဘေးအန္တရာယ်များနှင့် ငလျင်ဘေးအန္တရာယ်ကျရောက်လာပါက ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဇွန် ၂၆ ရက်မွန်းလွဲ ၂ နာရီက အ.ထ.က(ကျိုက်မရော)ကျောင်း၌ ငလျင်ဘေးသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့နယ် ဧရာဝတီမြစ်ရေမှတ် စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာရောက်ရှိရန် ၄၀၂ စင်တီမီတာခန့်လို
Jun 28,2023
မန္တလေးတိုင်းဒေသကြီး ၊ညောင်ဦးမြို့နယ်တွင်မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယမန်နေ့ ၁၂ နာရီအချိန် တိုင်းထွာချက်အရဧရာဝတီမြစ်ရေမှတ်သည် စိုးရိမ်ရေမှတ်၂၁၂၀ စင်တီမီ တာသို့ရောက်ရှိရန် ၄၀၂ စင်တီမီတာခန့်လိုကြောင်းမိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊မှ ဒေါ်ခင်လှနုထွေး(ဦးစီးအရာရှိ)ထံကသိရသည်။
ဂွမြို့နယ်တွင် အသက်(၅)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေး
Jun 28,2023
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် အသက်(၅)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်ကာကွယ်ဆေး Sinopharm ထိုးနှံပေးခြင်းကို ဇွန်လ (၁၉)နေ့ နံနက်ပိုင်းမှစတင်၍ (ဂွ)စုရပ်၊ (ဆပ်သွား)စုရပ်နှင့် (ကျိန္တလီ)စုရပ် စသည့် စုရပ်ကျောင်းများတွင် ထိုးနှံပေးလျက်ရှိသည်။