ငါန်းဇွန် ဇွန် ၂၈
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့ နံနက် ၈နာရီခွဲက စားသုံးသူရေးရာဦးစီးဌာနမှ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ကျောင်းသား/သူများ ကျန်းမာရေးထိခိုက်မှု မရှိစေရန်အတွက် ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချလျက်ရှိသော ဈေးဆိုင်များအား စားသုံးရန် မသင့်သည့် အစားအစာများ ရောင်းချမှု မရှိစေရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်သင်းသင်းဆွေ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နေခြည်ဦးနှင့် အားကစားနှင့် ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူး ဦးလှိုင်မိုးဟိန်းတို့သည် ကျောင်းမုန့်ဈေးတန်းရှိ ဈေးဆိုင်များတွင် စားသုံးရန်မသင့်သည့် အစားအစာများ ရောင်းချခြင်း မရှိစေရေး၊ ကျောင်းသား ကျောင်းသူများအား အရောင်ဆိုးဆေး ပါဝင်သော မုန့်များ စားသောက်ခြင်း မရှိစေရေးအတွက် ဈေးဆိုင်ပိုင်ရှင်တို့အား အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
သက်နောင်ဦး(ပြန်/ဆက်)