မအူပင်မြို့၌ အခြေခံစားသောက်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့် ပြည်သူများထံရောင်းချ

မအူပင် ဇွန် ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ အခြေခံစားသောက်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့် ပြည်သူများထံရောင်းချခြင်းအား ယမန်နေ့နံနက် (၇)နာရီ (၃၀)မိနစ် အချိန်က အမှတ်(၅)ရပ်ကွက်၊ လွတ်လပ်ရေးကျောက်တိုင်ကွင်းရှေ့ (ကမ်းနားလမ်း)တွင် ရောင်းချခဲ့သည်။

ထိုသို့ရောင်းချရာတွင် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ငါး၊ အမဲသား၊ ကြက်ဥ၊ ဘဲဥနှင့် ဟင်းသီးဟင်းရွက်အစုံတို့အား ရောင်းချခဲ့ရာ ဆန်တစ်ပြည် (၂၅၀၀/-) ကျပ်နှုန်းဖြင့် ဆန် (၁၀)အိတ်အား လည်းကောင်း၊ ဆီ (၁)ပိဿာ (၄၃၀၀/-)ကျပ်နှုန်းဖြင့် (၃၀၀) ပိဿာအား လည်းကောင်း၊ ငါး(၁)ပိဿာ (၆၀၀၀/-)ကျပ်နှုန်းဖြင့် (၂၀)ပိဿာအားလည်းကောင်း၊ အမဲသား (၁) ပိဿာ (၁၄၀၀၀/-)ကျပ် နှုန်းဖြင့် (၂၀)ပိဿာအားလည်းကောင်း၊ ဘဲဥတစ်လုံး (၂၅၀/-)ကျပ်နှုန်းဖြင့် (၃၀၀) လုံးအားလည်းကောင်း၊ ကြက်ဥတစ်လုံး(၂၅၀/-)ကျပ်နှုန်းဖြင့် (၅၀၀)လုံးနှင့် ဟင်းသီးဟင်းရွက် အစုံ (၁၅၀၀၀၀/-)ကျပ်ဖိုးခန့်အား ပြည်သူများထံသို့ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့သည်။

အဆိုပါရောင်းချရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးနိုင်လွင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။                 

မအူပင်ခရိုင်(ပြန်/ဆက်)