သတင်းများ

ကျောက်ဆည်မြို့၌ ကျောင်းသား၊ကျောင်းသူများ စာဖတ်ရှိန်မြင့်မားရေး အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Jun 28,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီးအရာရှိ ဒေါ်ခင်နှင်းရီနှင့် ဝန်ထမ်းများက မျိုးဆက်သစ် ကျောင်းသား/သူများ အသိပညာဗဟုသုတရရှိစေပြီး စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက ကျောက်ဆည်မြို့ အမှတ်(၈) အခြေခံပညာမူလတန်းကျောင်းတွင် စာဖတ်ရှိန်မြင့်မားရေးအသိပညာပေး လုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ပွင့်ဖြူမြို့နယ် ရွာခိုင်ကျေးရွာ မဟာဃောသိတာရုံဘုရားအဝင်မြေသားလမ်းအား ရာသီမရွေး သွားလာရေး အဆင်ပြေစေရန် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်
Jun 28,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ရုံလေးရုံဘုရား(၄)ဆူတွင် တစ်ဆူအပါအဝင်ဖြစ်သည့် ရွာခိုင်ကျေးရွာရှိ ဃောသိတာရုံဘုရားအဝင်မြေသားလမ်းအား ဒေသခံပြည်သူများနှင့် ရပ်ဝေးရပ်နီးမှ ဘုရားဖူးလာပြည်သူများ ရာသီမရွေး အဆင်ပြေစွာ သွားလာဖူးမြော်ကြည်ညိုနိုင်ရန်အတွက် ယခု ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သိရသည်။
သံဖြူဇရပ်မြို့နယ်၌(၁၀၁)နှစ်မြောက်အပြည်ပြည် ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့်မိုးရာသီ စုပေါင်းသစ် ပင်စိုက်ပျိုး ပွဲကျင်းပ
Jun 28,2023
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ ​မြို့နယ်သမဝါယမဦးစီးဌာနဝန်ထမ်းများနှင့် သမဝါယမအသင်းစုလိမိတက်မှ အမှုဆောင်အဖွဲ့ဝင်များ ပူးပေါင်း၍  (၁၀၁)  နှစ်မြောက် အပြည်ပြည်ဆိုင်ရာ  သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို
မင်းဘူး(စကု)မြို့နယ်၌ တိရစ္ဆာန်အစာပင် နေဗီယာမြက် တောင်သူပညာပေး ကွင်းသရုပ်ပြစိုက်ပျိုး
Jun 28,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ မွေးမြူရေး ကျွဲ၊ နွား တိရစ္ဆာန်များအတွက် အစာအာဟာရ ပြည့်ဝသော တိရစ္ဆာန်အစာပင် နေဗီယာမြက်ကို စနစ်တကျ တွင်ကျယ်စွာ စိုက်ပျိုးကျွေးမွေးနိုင်စေရန် တောင်သူပညာပေး ကွင်းသရုပ်ပြ စိုက်ပျိုးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က စကုမြို့၊ အမှတ် (၂) အောင်သုခရပ်ကွက်ရှိ စိုက်ပျိုးရေးနှင့် နွားမွေးမြူရေးလုပ်ငန်း တွဲဖက်လုပ်ကိုင်သူ တောင်းသူ ဦးဇော်လင်း၏ ယာမြေအတွင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပေါင်မြို့နယ်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး   အသိပညာပေး(Talk Show) ပြုလုပ်
Jun 28,2023
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး(Talk Show) ဆွေးနွေးပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယrefနေ့ နံနက်(၁၁း၀၀ ) နာရီက ကျင်းပပြုလုပ်ခဲ့သည်။
တပ်ကုန်းမြို့နယ် ဂတ်ချိုင်းကျေးရွာတွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးဆောင်ရွက်
Jun 28,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ ကံလှကျေးရွာအုပ်စု၊ ဂတ်ချိုင်းကျေးရွာတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်​ရေးလုပ်ငန်းကို ယမန်နေ့ နံနက်ပိုင်းကရွှေမြို့တိုက်နယ်ကျန်းမာရေးဌာနခွဲမှ ကျန်းမာရေးကြီးကြပ်-၁ ဦးကျော်ကျော်အောင် ဦးစီး၍ ကျန်းမာရေးဝန်ထမ်းများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
တိရစ္ဆာန်အစာပင် စိုက်ပျိုးခြင်းရက်သတ္တပတ်လှုပ်ရှားမှု အစီအစဉ်အရ နေဗီယာမြက် သရုပ်ပြစိုက်ပျိုး
Jun 28,2023
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်အစာပင် စိုက်ပျိုးခြင်းရက်သတ္တပတ်လှုပ်ရှားမှု အစီအစဉ်အရ နေဗီယာမြက်စိုက်ပျိုးခြင်း သရုပ်ပြပွဲကို ယမန်နေ့နံနက် ၉ နာရီက ဂွေးတောက်ကွင်း ကျေးရွာအုပ်စု စိုက်ပျိုးမွေးမြူရေးလုပ်ငန်းရှင် ဦးအေးစိုး၏ခြံတွင် သရုပ်ပြစိုက်ပျိုးခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အစိုးရစက်မှုလက်မှုသိပ္ပံ (ပြင်ဦးလွင်)တို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Jun 28,2023
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အစိုးရစက်မှုလက်မှုသိပ္ပံ (ပြင်ဦးလွင်)တို့ ပူးပေါင်းကျင်းပသော လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက ပြင်ဦးလွင်မြို့နယ် မဟာဗန္ဓုလလမ်းနှင့် မြို့ပတ်လမ်းဆုံရှိ  အစိုးရစက်မှုလက်မှုသိပ္ပံ (ပြင်ဦးလွင်) ခန်းမဆောင်၌ ကျင်းပရာ  ကျောင်းအုပ်ကြီး ဒေါက်တာကြူကြူဆွေနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဟောပြောဆွေးနွေးမည့် စာရေးဆရာ ကိုရွှေအောင်သင်းနှင့် ခရိုင်အားကစားမှူး လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်နိုင်ထူး၊  ဆရာ/ဆရာမများနှင့် ကျောင်းသားကျောင်းသူများ စုံလင်စွာ တက်ရောက်ခဲ့ကြသည်။