သံဖြူဇရပ် ဇွန် ၂၈
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ မြို့နယ်သမဝါယမဦးစီးဌာနဝန်ထမ်းများနှင့် သမဝါယမအသင်းစုလိမိတက်မှ အမှုဆောင်အဖွဲ့ဝင်များ ပူးပေါင်း၍ (၁၀၁) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက်ပိုင်းက ကြာကန်ရပ်ကွက်ရှိမြို့နယ် သမဝါယမအသင်းစုပိုင် ခြံဝန်းအတွင်း၌ ကျင်းပပြုလုပ်သည်။
အဆိုပါ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကို မြို့နယ် သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးအောင်နှင့်ဝန်ထမ်းများ၊ သမဝါယမအသင်းစုလိမိတက်အမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဦးစံသောင်းနှင့်အဖွဲ့ဝင်များမှ အရိပ်ရ မဟော်ဂနီ ပျိုးပင် ပေါင်း(၁၅၀) ကို စုပေါင်း၍ တစ်ပျော်တစ်ပါး စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ ဆက်)