သတင်းများ

ညောင်လေးပင်မြို့နယ်တွင် ပဲခူးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သီးနှံအခြေခံတန်ဖိုးမြင့် စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်လှစ်
Jun 28,2023
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ညောင်လေးပင်မြို့နယ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် ၈:၀၀ နာရီအချိန်က ပဲခူးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အခြေခံတန်ဖိုးမြင့် စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပခဲ့ကြောင်းသိရသည်။ 
နောင်ချိုမြို့နယ်တွင် Mobile Libraryစနစ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် စာအုပ်စာစောင်များငှားရမ်းပေး
Jun 28,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊  ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက Mobile Libraryစနစ်ဖြင့် ယနေ့ နံနက် ၁၀နာရီအချိန်က  မြို့နယ်သမဝါယမ ဦးစီးဌာနသို့ သွားရောက်၍ သုတ/ရသ စာအုပ် စာစောင်များကို  ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
တိုက်ကြီးမြို့နယ်တွင် လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ
Jun 28,2023
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ လူကုန်ကူးမှုအန္တရာယ်ကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနနှင့် အခြေခံပညာအထက်တန်းကျောင်း (မြို့မ)တို့ပူးပေါင်း၍  လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေး ဟောပြောပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက  အခြေခံပညာအထက်တန်းကျောင်း(မြို့မ)ပညာရတနာခန်းမ၌ ကျင်းပသည်။
သထုံမြို့နယ်တွင် ငါးဆေးထိုးသားဖောက်ခြင်းနှင့် ရေချိုငါးမွေးမြူရေးသင်တန်းဖွင့်ပွဲကျင်းပ
Jun 28,2023
မွန်ပြည်နယ်၊ သထုံမြို့ရှိ ငါးလုပ်ငန်းသင်တန်းကျောင်းတွင် ယမန်နေ့နံနက် ၉ နာရီအချိန်ခန့်က ငါးဆေးထိုးသားဖောက်ခြင်းနှင့် ရေချိုငါးမွေးမြူရေးသင်တန်းဖွင့်ပွဲ အခမ်းအနားကို ကျင်းပသည်။
ကျိုက်ထိုမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ကျောင်းအခြေပြု ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေး
Jun 28,2023
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ‌ကျောင်းအခြေပြု ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအား ယမန်နေ့နံနက်(၁၀)နာရီတွင် အမှတ်(၁)အခြေပညာမူလတန်းလွန်ကျောင်း၊ ကံ့ကော်ရပ်ကွက်၌ ထိုးနှံပေးခဲ့သည်။
ညောင်ဦးခရိုင်၌ ကျောင်းသားကျောင်းသူ  ၈၄၀၉၄ ဦးတက်ရောက်ပညာသင်ကြား
Jun 28,2023
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများအား မေ ၂၃ နံနက်  ၉ နာရီအချိန်မှစတင်ပြီး ကျောင်းအပ်လက်ခံလျက်ရှိရာ ကျောင်းအပ်လာသူ ကျောင်းသား/သူများများပြားလျက်ရှိပြီး ဇွန် ၂၈ ရက်နေ့ထိကျောင်းသား၊ကျောင်းသူ (၈၄၀၉၄)ဦးလာရောက်အပ်နှံထားရှိပြီး စိတ်အေးချမ်းသာစွာပညာသင်ကြား လျက်ရှိ ကြောင်း ညောင်ဦးခရိုင်၊ ခရိုင်ပညာရေးမှူး ဒေါ်မိမိအောင်ထံကသိရသည်။
ပုလောမြို့နယ် ရှပ်ပုံ(ရွာထဲ)ကျောင်းတွင် သွေးလွန်တုပ်ကွေးရောဂါဆိုင်ရာအသိပညာပေး ဟောပြော
Jun 28,2023
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ရှပ်ပုံကျေးရွာ အဏ္ဏဝါမူလွန်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
မင်းလှမြို့တွင် ပြည်သူများ အပန်းဖြေအနားယူနိုင်ရန် ပန်းခြံသစ်တစ်ခု ဆောင်ရွက်
Jun 28,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ပြည်သူများအပန်းဖြေအနားယူနိုင်ရေးအတွက် မြောက်ရပ်ကွက်ရှိ ”ထ”ကန်ဘေးမြေနေရာတွင် ပန်းခြံသစ်တစ်ခု ဆောင်ရွက်လျက်ရှိ‌ကြောင်း သိရသည်။