ပွင့်ဖြူမြို့နယ် ရွာခိုင်ကျေးရွာ မဟာဃောသိတာရုံဘုရားအဝင်မြေသားလမ်းအား ရာသီမရွေး သွားလာရေး အဆင်ပြေစေရန် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်

ပွင့်ဖြူ ဇွန် ၂၈

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ရုံလေးရုံဘုရား(၄)ဆူတွင် တစ်ဆူအပါအဝင်ဖြစ်သည့် ရွာခိုင်ကျေးရွာရှိ ဃောသိတာရုံဘုရားအဝင်မြေသားလမ်းအား ဒေသခံပြည်သူများနှင့် ရပ်ဝေးရပ်နီးမှ ဘုရားဖူးလာပြည်သူများ ရာသီမရွေး အဆင်ပြေစွာ သွားလာဖူးမြော်ကြည်ညိုနိုင်ရန်အတွက် ယခု ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ ကွန်ကရစ်လမ်းအဆင့်မြှင့်တင် ဆောင်ရွက်ခြင်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရ အဖွဲ့မှ ရန်ပုံငွေကျပ် ၂၃ ဒသမ ၅ သန်း ခွင့်ပြုချထားပေးခဲ့ပြီး ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့်  တင်ဒါအောင်မြင်သည့် မကွေးမြို့၊ Shwe Group  ကုမ္ပဏီမှ တာဝန်ယူ၍ ရွာခိုင်ကျေးရွာ ဃောသိတာရုံ ဘုရားအဝင်မြေသားလမ်းအရှည်ပေ ၇၀၀ အား  လမ်းအကျယ် ၁၆ ပေ ၊ လမ်းအမြင့် ထု ၆ လက်မ ကွန်ကရစ်လမ်းအဖြစ် ယခုလ ၂၂ ရက်နေ့ကစပြီး လုပ်ငန်းစတင်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ယင်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအား လုပ်ငန်း အရည်အသွေး ပြည့်မီရေးနှင့် အချိန်မီပြီးစီးရေးအတွက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူးနှင့် တာဝန်ခံအင်ဂျင်နီယာ များက ကြီးကြပ်ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ် ရွာခိုင်ကျေးရွာရှိ ဃောသိတာရုံဘုရားအဝင်မြေသားလမ်းသည် နှစ်စဉ် မိုးရာသီကာလများတွင် ဒေသခံပြည်သူများနှင့် ဘုရားဖူးပြည်သူများအတွက် သွားလာရေအဆင်မပြေမှုများ ကြုံတွေ့နေရသဖြင့် ယခုနှစ်တွင် မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဖောက်လုပ်ပေးသဖြင့် ကျေးရွာနေပြည်သူများနှင့် ရပ်ဝေးရပ်နီးမှ ဘုရားဖူးပြည်သူများအတွက် ရာသီမရွေး သွားလာဖူးမြော် ကြည်ညိုနိုင်မည်ဖြစ်၍ ဒေသခံ ပြည်သူများက ဝမ်းသာပျော်ရွှင်လျက်ရှိနေကြကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က ပြောသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )