ပေါင်မြို့နယ်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး   အသိပညာပေး(Talk Show) ပြုလုပ်

ပေါင် ဇွန် ၂၈

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး(Talk Show) ဆွေးနွေးပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယrefနေ့ နံနက်(၁၁း၀၀ ) နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခင်မာလာအောင်က (Talk Show) ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး၊ အမှတ်(၉)၊လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စုမှ ရဲအုပ်စိုးကျော်က လူကုန်ကူးမှုလျော့နည်းပပျောက်ရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ မြန်မာနိုင်ငံတွင်ကြုံတွေ့နေရတဲ့ လူကုန်ကူးမှုအမျိုးအစားများ၊ လူကုန်ကူးသူများခံစားရမည့်ပြစ်

ဒဏ်များ၊ လူကုန်ကူးမှုတိုက်ဖျက်ရေးအတွက် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့များကို မြန်မာနိုင်ငံအနှံ့အပြားတွင်ဖွဲ့စည်းထားမှုများ၊ လူကုန်ကူးမှုသည် မြန်မာလူမျိုးတို့၏ အမျိုးဂုဏ်ဇာတိဂုဏ်ကို ထိခိုက်ပျက်ပြားစေသဖြင့် အမျိုးသားရေးတာဝန်အဖြစ် သတ်မှတ်ကာ အားလုံးဝိုင်းဝန်းတားဆီးလျှက်ရှိပြီးမိမိတို့ပတ်ဝန်းကျင်တွင် လူကုန်ကူးမှုဖြစ်စဥ်များ ဖြစ်ပေါ်လာနိုင်ကြောင်း သတင်းရရှိပါက လူကုန်ကူးမှုတားဆီးနှိမ်းနင်းရေး ရဲတပ်ဖွဲ့စုသို့ ဆက်သွယ်သတင်းပေးပို့ကြရန်တို့ကို ဆွေးနွေးခဲ့သည်။

ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာများတိုးပွားစေရေးအတွက် ယခုကဲ့သို့ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်များရိုက်ကူးထုတ်လွှင့်ခြင်းအပါအဝင် အသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပြီး Talk Show အစီအစဉ်များကို ပြည်သူများအကျိုးရှိစေမည့် သတ်မှတ် ခေါင်းစဉ်အလိုက် ရိုက်ကူးထုတ်လွှင့်ခြင်းအား လူထုအခြေပြုဗဟိုဌာနခန်းမ၌ လစဉ်ပုံမှန် ပြုလုပ်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ ဆက်)