တပ်ကုန်းမြို့နယ် ဂတ်ချိုင်းကျေးရွာတွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးဆောင်ရွက်

တပ်ကုန်း ဇွန် ၂၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ ကံလှကျေးရွာအုပ်စု၊ ဂတ်ချိုင်းကျေးရွာတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်​ရေးလုပ်ငန်းကို ယမန်နေ့ နံနက်ပိုင်းကရွှေမြို့တိုက်နယ်ကျန်းမာရေးဌာနခွဲမှ ကျန်းမာရေးကြီးကြပ်-၁ ဦးကျော်ကျော်အောင် ဦးစီး၍ ကျန်းမာရေးဝန်ထမ်းများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

အဆိုပါကျေးရွာအတွင်းရှိ အိမ်ခြေ ၂၃၉ အိမ်တွင် ခြင်ကျားနှင့်ပိုးလောက်လမ်းနှိမ်နင်းရေး အတွက် ဖုံး၊ သွန်၊ လဲ၊ စစ် ဆောင်ရွက်ခြင်း၊ အုတ်ကန်၊ ရေအိုးများအတွင်း အဘိတ်ဆေးထုပ်များ ထည့်ပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တင်စိုးလွင်