တိရစ္ဆာန်အစာပင် စိုက်ပျိုးခြင်းရက်သတ္တပတ်လှုပ်ရှားမှု အစီအစဉ်အရ နေဗီယာမြက် သရုပ်ပြစိုက်ပျိုး

လက်ပံတန်း  ဇွန် ၂၈

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်အစာပင် စိုက်ပျိုးခြင်းရက်သတ္တပတ်လှုပ်ရှားမှု အစီအစဉ်အရ နေဗီယာမြက်စိုက်ပျိုးခြင်း သရုပ်ပြပွဲကို ယမန်နေ့နံနက် ၉ နာရီက ဂွေးတောက်ကွင်း ကျေးရွာအုပ်စု စိုက်ပျိုးမွေးမြူရေးလုပ်ငန်းရှင် ဦးအေးစိုး၏ခြံတွင် သရုပ်ပြစိုက်ပျိုးခဲ့သည်။

အအဆိုပါ စိုက်ပျိုးမွေးမြူရေး ခြံတွင်ဘဲအကောင် ၇၀၀ ၊ဆိတ်အ​ကောင် ၄၀၊ ဝက်အကောင် ၄၀ မွေး​မြူထား သည့် ခြံတွင်  တိုင်းရင်းကြက် အကောင် ၆၀၀ နှင့် ဝက်အကောင်ရေ ၁ ယူနစ် ဆက်လက်တိုးချဲ့မွေးမြူနိုင်ရေးတို့အတွက် ခြံများပြုပြင် ဆောင်ရွက်ထားရှိရာ တိရိစ္ဆာန်အစာပင် စိုက်ပျိုးပြီး မွေးမြူရေးအစာ အစားထိုးကျွေးမွေးခြင်းဖြင့် အစာဘိုးကုန်ကျစရိတ် သက်သာခြင်း၊ မွေးမြူရေးနွားအသားထွက်နှုန်း နို့ထွက်နှုန်းတိုးလာခြင်း အခြားသောတိရိစ္ဆာန် ကြက် ဝက် ဘဲ တို့ကို တွဲဖက်ကျွေးမွေးနိုင်ခြင်း စသောအကျိုးကျေးဇူးများကြောင့်  မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ ကူညီမှုဖြင့် အစ္စ​ရေးမြက်ချို မန်​ရေးဗားမြက် တစ်ဧက စိုက်ပျိုးရခြင်းဖြစ်ကြောင်း လုပ်ငန်းရှင် ဦးအေးစိုး ကပြောကြားသည်။

အဆိုပါ တိရစ္ဆာန်အစာပင် နေဗီယာမြက် စိုက်ပျိုးခြင်း သရုပ်ပြပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဘုန်းလှိုင်နှင့်အဖွဲ့ဝင်များ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးလှိုင်ဝင်းစိုးနှင့်ဝန်ထမ်းများ၊ ဖိတ်ကြားထားသော ဌာနဆိုင်ရာများ၊ စိတ်ပါဝင်စားသည့် ကျေးရွာသူကျေးရွာသားများ တက်ရောက်ခဲ့ကြသည်။

မြို့နယ်(ပြန်/ ဆက်)