သတင်းများ

ညောင်လေးပင်မြို့၌ စာဖတ်ပရိတ်သတ်လက်ဝယ်အရောက် စာအုပ်၊ စာစောင်များ လှည့်လည် ငှားရမ်းပေး
Jun 28,2023
ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက စာဖတ်ပရိတ်သတ်လက်ဝယ်အရောက် စာအုပ်၊ စာစောင်များ လှည့်လည်ငှားရမ်းပေးခြင်းကို ဇွန် (၂၈) ရက်နေ့ နံနက်ပိုင်းက ကွင်းဆင်းငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ကျိုက်မရောမြို့နယ်တွင် ဝန်ထမ်းများအား Biographic Data နှင့် Biometric Data ကောက်ယူခြင်းလုပ်ငန်းများဆောင်ရွက်
Jun 28,2023
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ဝန်ထမ်းများအား အီလက်ထရောနစ်စနစ်ဖြင့် ကိုယ်ရေး အချက်အလက်များ (Biometric Data) နှင့် ဇီဝအချက်အလက်များ (Biometric Data) ကောက်ယူခြင်း လုပ်ငန်းများကို ယနေ့နံနက် ၉ နာရီမှအချိန်စတင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးခန်းမ၌ ဆောင်ရွက်ပေးခဲ့သည်။
ရွာငံမြို့နယ်တွင် သီးနှံအခြေခံယို၊ ဖျော်ရည်အမျိုးမျိုးနှင့် သီးနှံခြောက် တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်လှစ်
Jun 28,2023
ရှမ်းပြည်နယ် (တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌‌ဒေသ၊ ရွာငံမြို့နယ်တွင်  ရှမ်းပြည်နယ် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သည့် သီးနှံအခြေခံယို၊ ဖျော်ရည်အမျိုးမျိုးနှင့် သီးနှံခြောက် တန်ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  လူထုအခြေပြုဗဟိုဌာန ခန်းမ၌ ကျင်းပခဲ့သည်။                                                          
၂၀၂၃ ခုနှစ် စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Jun 28,2023
၂၀၂၃ ခုနှစ် စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်ပိုင်းက လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန တိုင်းဒေသကြီး လူမှု ဝန်ထမ်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ချောက်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ခရိုင်အဆင့် ဓမ္မစင်္ကြာနှင့် အနတ္တလက္ခဏသုတ် အလွတ်ရွတ်ဖတ်ပူဇော်မှုပြိုင်ပွဲကျင်းပ
Jun 28,2023
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဌာန ဓမ္မစင်္ကြာနှင့် အနတ္တလက္ခဏသုတ် အလွတ်ရွတ်ဖတ်ပူဇော်မှုပြိုင်ပွဲကိုယနေ့နံနက် ၉နာရီက ချောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌  ကျင်းပသည်။
စဉ့်ကိုင်မြို့နယ်တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ
Jun 28,2023
အနာဂတ်မျိုးဆက်သစ်၊ လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်စေရန်နှင့်   နိုင်ငံတော်ကို အကျိုးပြုမည့် လူငယ်လူရွယ်များ ဖြစ်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနနှင့် အားကစားနှင့်ကာယပညာ ဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို  ယနေ့မွန်းလွဲ(၁)နာရီက  မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ အ.ထ.က (စဉ့်ကိုင်) သဇင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အရာတော်မြို့၌ ကောက်ရိုးမှို စိုက်ပျိုးနည်းသင်တန်းဖွင့်
Jun 28,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများဝင်ငွေရရှိရန်ရည်ရွယ်၍ ကောက်ရိုးမှိုစိုက်ပျိုးနည်းသင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပခဲ့သည်။
နမ့်ခမ်းမြို့အတွင်း နယ်လှည့်စာကြည့်တိုက်အဖြစ် ကွင်းဆင်း၍ သုတ/ရသ စာအုပ်စာစောင်များကို ငှားရမ်းပေး
Jun 28,2023
စာပေဖတ်ရှုသူများသည် သုတ/ရသစာပေများကို လေ့လာဖတ်ရှုချင်သော်လည်း နမ့်ခမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်သို့ အကြောင်းအမျိုးမျိုး ကြောင့် လာရောက်ငှားရမ်းနိုင်ခြင်းမရှိသည့် ရပ်ကွက်အတွင်းရှိ ပြည်သူများ၊ ဌာနဆိုင်ရာများ အတွက် နယ်လှည့်စာကြည့်တိုက်အဖြစ် ကွင်းဆင်း၍ စာအုပ်/စာစောင်များကိုငှားရမ်းပေးခြင်းအား ယနေ့နံနက် (၁၁) နာရီ အချိန်က အောင်ချမ်းသာရပ်ကွက်အတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။