ညောင်လေးပင် ဇွန် ၂၈
ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက စာဖတ်ပရိတ်သတ်လက်ဝယ်အရောက် စာအုပ်၊ စာစောင်များ လှည့်လည်ငှားရမ်းပေးခြင်းကို ဇွန် (၂၈) ရက်နေ့ နံနက်ပိုင်းက ကွင်းဆင်းငှားရမ်းပေးခဲ့ကြောင်း သိရသည်။
အားလပ်ရက်များတွင် လူငယ်၊ လူရွယ်များ၊ စာပေဝါသနာရှင်များ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အသိပညာဗဟုသုတရရှိစေရန်၊ အမှားအမှန် ဝေဖန်ပိုင်းခြားတတ်စေရန်၊ စာဖတ်သည့် အလေ့အထများရရှိစေရန်၊ စာကြည့်တိုက်သို့ စာအုပ်၊ စာစောင်များ လာရောက် ငှားရမ်းနိုင်ခြင်းမရှိသည့် စာဖတ် ပရိတ်သတ်များ အဆင်ပြေစွာငှားရမ်းဖတ်ရှုနိုင်ရန် ရည်ရွယ်၍ နယ်လှည့်ငှားရမ်းပေးခြင်း ဖြစ်သည်။
ယင်းသို့ စာအုပ်၊ စာစောင်များ နယ်လှည့်ငှားရမ်းပေးရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက သုတ၊ ရသစာအုပ်ပေါင်း (၂၅၀) ကို သယ်ဆောင်၍ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများမှ စာဖတ်ပရိတ်သတ်လက်ဝယ်အရောက် နယ်လှည့်ငှားရမ်း ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်ဆက်