သတင်းများ

သီပေါမြို့နမ့်လန်ကျေးရွာအုပ်စုတွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲပြုလုပ်ဆောင်ရွက်
Jun 28,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို နမ့်လန်ကျေးရွာအုပ်စု ကျေးရွာအုပ်ချုပ်ရေးမှူး ရုံးတွင် ယနေ့နံနက်(၉)နာရီက ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောက်ကြီးမြို့နယ် သစ်တောဦးစီးဌာနမှ ပျိုးပင်များအား ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာရုံးများသို့ ဖြန့်ဝေပေး
Jun 28,2023
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ သစ်တောဦးစီးဌာနရုံး၌ ယနေ့နံနက်ပိုင်းတွင် မြို့နယ်စိမ်းလန်းစိုပြေရေး သစ်တောဦးစီးဌာနမှ ပျိုးပင်များအား ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာရုံးများသို့ ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
မိုင်းရှူးမြို့နယ်တွင် ‌ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအား ကွင်းဆင်းစစ်ဆေး
Jun 28,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုကို မြို့နယ်တည်ဆောက်ရေးလုပ်ငန်းများစိစစ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုးလင်းထိုက်နှင့် အဖွဲ့ဝင်များက ယနေ့ နံနက်(၈)နာရီက အမှတ်(၄)ရပ်ကွက်ရှိ မြို့ပတ်လမ်းနှင့် နတ်စင်လမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းများအား ကွင်းဆင်းစစ်‌ဆေး ကြည့်ရှုခဲ့ ကြသည်။
ကရင်ပြည်နယ်၊ ဘားအံမြို့တွင်ကျောင်းသားများ ဗလငါးတန်ဖွံ့ဖြိုးစေရေး လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ
Jun 28,2023
ပြန်ကြား‌ရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်းပြီး ကျောင်းသားလူငယ်များဗလငါးတန်ဖွံ့ဖြိုးစေရေးအတွက် လူငယ်ရေးရာအသိပညာ‌ပေး ဟောပြောပွဲကို ယနေ့မွန်းလွဲ (၁) နာရီအချိန်ခန့်က ဘားအံမြို့ လှာကမြင်ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း (ခွဲ) ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်
ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအား (Biometric Data) ဇီဝဆိုင်ရာ အချက်အလက် ကောက်ယူခြင်းများဆောင်ရွက်
Jun 28,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြန်အောင် မြို့နယ်ဦးစီးမှူးရုံးမှ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအား ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မုဒုံမြို့နယ် မြတ်ပညာငွေစုငွေချေးသမဝါယမအသင်း ဂုဏ်ပြုဆုချီးမြှင့်ပွဲကျင်းပ
Jun 28,2023
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁ ရက်နေ့တွင် ကျရောက်မည့် (၁၀၁)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မွန်ပြည်နယ်၊ မုဒုံမြို့နယ် မြတ်ပညာငွေစုငွေချေး သမဝါယမအသင်းလီမိတက်မှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင် အသင်းသားများ၏ သား၊ သမီးများအား ပညာသင်ထောက်ပံ့ကြေးချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အဆိုပါအသင်းရုံး၌ ကျင်းပသည်။
စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူအခွင့်အရေးများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး အသိပညာပေး ဟောပြောပွဲများ ကွင်းဆင်းဆောင်ရွက် 
Jun 28,2023
စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူ အခွင့်အရေးများဆိုင်ရာ ကိစ္စရပ်များ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး အသိပညာပေး ဟောပြောပွဲများ ကွင်းဆင်း ဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းက တိုင်းဒေသကြီး ဗဟိုစာရင်းအင်းအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဇမ္ဗူသီရိမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး ပိုးလောက်လန်းသေ(Abate) ဆေးခပ်ခြင်းများဆောင်ရွက်
Jun 28,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး ပိုးလောက်လန်းသေ(Abate)ဆေးခပ်ခြင်းများ ဆောင် ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ရွှေကြာပင်ရပ်ကွက်အတွင်း၌ ဆောင်ရွက်ပေးခဲ့သည်။