ကျိုက်မရော ဇွန် ၂၈
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ဝန်ထမ်းများအား အီလက်ထရောနစ်စနစ်ဖြင့် ကိုယ်ရေး အချက်အလက်များ (Biometric Data) နှင့် ဇီဝအချက်အလက်များ (Biometric Data) ကောက်ယူခြင်း လုပ်ငန်းများကို ယနေ့နံနက် ၉ နာရီမှအချိန်စတင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးခန်းမ၌ ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ e-ID စနစ်ဖြင့် ကိုယ်ရေးအချက်အလက်များကောက်ယူပြီး Database အတွင်းသို့ ထည့်သွင်းခြင်းလုပ်ငန်းများကို ကျိုက်မရောမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဦးစီးအရာရှိ ဦးကိုကိုလွင်၏ကြီးကြပ်မှုဖြင့် ကျိုက်မရောမြို့နယ်စာရင်းကောက်ယူရေးအဖွဲ့များက ဆောင်ရွက်ပေးခြင်းဖြစ်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဝန်ထမ်းများနှင့် ဌာနဆိုင်ရာများကို စတင်ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းဆောင်ရွက်ရာတွင် ဝန်ထမ်းများအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ယူဆောင်လာစေပြီး ကိုယ်ရေးအချက်အလက်များ (Biographic Data) နှင့် ဇီဝအချက်အလက်များ (Biometric Data) ကောက်ယူ၍ Database အတွင်းသို့ ထည့်သွင်းသိမ်းဆည်းပြီး Unique ID နံပါတ်ပါ ကတ်ပြားများ ပြန်လည်ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများနှင့် မြို့နယ်အဆင့် ဝန်ထမ်းများအား ဇွန်လ ၂၈ ရက်မှစတင်ကာ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)